"ကြိုက်စရာလား....ငါကမင်းသူငယ်ချင်းကိုကြိုက်တာ"
"Xiao Zhanကိုလား"
"ဟုတ်တယ်.....Zhan Geကတစ်လောကလုံးမှာချစ်ဖို့အကောင်းဆုံးပဲ၊စတွေ့ထဲကငါ့နှလုံးသားက Zhan Geဆီပါသွားတာ"
"Xiao Zhanကချစ်ဖို့အကောင်းဆုံးဆိုရင် ငါ့ကိုကိုက ဘယ်နားသွားနေရမှာလဲ"
"Kyung Sooမင်းကိုငါမေးမယ်...မင်းChanကိုကြိုက်နေတာလား"
"ကြိုက်စရာလား"
Chanyeolဆေးသတ္တာလေးကိုင်ကာ ဝမ်းနည်းမှူက လှိုက်ခနဲ။ အေးလေ kyungလေးကငါ့ကိုငယ်ငယ်ထဲကအစ်ကိုတစ်ယောက်လိုခင်တွယ်လာတာပဲကို။ ငါကဘာကိစ္စဝမ်းနည်းသွားတာလဲ။ Chanyeolသတိထားစမ်းပါ မင်းတို့ကညီအစ်ကိုတွေ။ ခုနကရန်ပွဲကြောင့် ငါ့စိတ်မတည်မငြိမ်ဖြစ်သွားတာနေမှာပါ။ chanyeolအနောက်ခန်းထဲကိုပဲပြန်ဝင်လာခဲ့လိုက်တယ်။
"ဟေ့ရောင် ဗြောင်မငြင်းနဲ့.....မင်းအကြည့်တွေက ငါစတွေ့ကတည်းကိုကchanမပေါ်အရောင်တွေပါမေတာ မြင်တယ်နော်"
"ဘယ်သူကရော ငြင်းနေလိုလဲ"
"မင်းပဲကြိုက်စရာလားဆို.....ခွေးကောင်စကားကိုအမျိုးမျိုးနဲ့"
"မင်းကငါပြောတဲ့စကားကိုဥာဏ်မမှီတာလေအပေအတေရဲ့....ကြိုက်တာမဟုတ်ဘူး..ငါကငါ့ကိုကို ကိုချစ်တာထက်ကိုပိုပြီးတော့မြတ်နိုးတာကွ...."
"မတန်မရာတွေပြောပြန်ပီ၊စကားနဲ့လူနဲ့တောင်မလိုက်ဘူး"
"ငါကမှငါ့ကိုကို ကိုနေ့တိုင်းတွေ့ပြီး ထိလို့ဖတ်လို့ရသေးတယ်၊မင်းကိုXiao Zhanကကြည်လို့လား ဟဟ"
"ခွေးကောင် အဲ့ဒါမင်းကြောင့်လေ..."
"အဟက်ဟက်....အဲ့ထဲကအဆင့်ချင်းမတူတော့ဘူးကွ.....ဟဟ"
"ဘောပဲဟျောင့်...."
"ငါလည်း လက်ခလယ်ပဲ၊မင်းကိုပြောထားမယ်နော် ငါကိုကို့ကိုချစ်နေတယ်ဆိုတာ သွားပြောလို့ကတော့ Xiao Zhanနဲ့အဆင်ပြေတော့မယ်မထင်နဲ့၊ ငါကိုယ်တိုင် အချိန်ရောက်လာမှပြောမှာ"
"ငါကလည်းမင်းတို့အကြောင်းစိတ်မဝင်စားပါဘူး၊ ငါကZhan Geကိုပဲစိတ်ဝင်စားတာ မင်းသာဝင်မရှူတ်နဲ့"
YOU ARE READING
Sweet but Hurt (Zawgyi +Uni)
FanfictionWarning - ဒီficက Kyung Sooကို Tနေရာထားမှာပါ။ chanyeolကို Tနေရာကပဲဖတ်ချင်တဲ့သူတွေအတွက် အချိန်ကုန်မှာစိုးလို့ ကြိုသတိပေးထားခြင်းဖြစ်ပါတယ်။ (Chanyeolကိုukeလုပ်ပြီးရေးလို့ သူငယ်ချင်းတေဆီကလည်းအဆဲခံပြီးပါပီ😂) Kyung Soo - ကိုကိုက အရမ်းသဘောကောင်းပြီး လိ...