"ဘာလို့လူကိုမမြင်ဖူးသလိုကြည့်နေတာလဲ၊ ကျွန်တော့ကိုတစ်ကယ်ပဲ
မမှတ်မိဘူးလား"
"တစ်ကယ်kyungလေးပါနော်....."
Kyung Sooသူ့ရှေ့မှာရပ်နေတဲ့ကိုကို့ကိုစူးစိုက်ကြည့်နေလိုက်
သည်။ဒီငါးနှစ်တာမှာ ကိုကိုကပိုချစ်ဖို့ကောင်းလာတယ်။ စစတွေ့တုန်း
ကလိုဆံပင်အုပ်အုပ်လေးကိုမှ အပြာရောင်လေးဆိုးထားခြင်းက
နတ်သူငယ်လေးကျနေတာပဲ။ ကိုကိုကဘောင်းဘီအဝါဒူး
လောက်လေးကို T-shirtအဝါနုလေးနဲ့တွဲဝတ်ထားတာက
ကလေးလေးလို။ အသားကလည်းပိုဖြူလာတယ်။
ပါးလေးကဖောင်းဖောင်းလေးနဲ့ဆွဲဖြစ်စရာလေး။ နောက်ပြီး
ကိုကို့အရပ်ကသူ့ရင်ဘတ်လောက်ပဲရှိတယ်။ တစ်ကယ်ဗျာ...
ဘယ်သူ့မေးမေး ကျွန်တော့ထက်ငယ်တယ်ပဲထင်ကြမှာ။ဘာလို့
အဲ့လောက်ချစ်ဖို့ကောင်းလာရတာလဲ။ကျွန်တော့ကိုရူးအောင်
လုပ်တော့မလို့လား။
"Omm...ဘာလဲကျွန်တော်က ကိုကိုထင်ထားတာထက်ပိုချော
လာလို့လား"
"ဟင်....ဟူတ်တယ်...kyungလေးကတော်တော်ချောလာတယ်၊
အရပ်ကြီးကလည်းရှည်လာတယ်"
"ကိုကိုကပုနေတာမဟုတ်ဘူးလား...ဟက်....၊ခုမှပိုတောင်ကလေး
ပုံပေါက်နေသေးတယ်"
သူ့ကိုအရပ်ပုတယ်ပြောလိုက်လို့နဲ့တူတယ် မျက်စောင်းကြီးထိုးသွား
တယ်။ကိုကိုကတစ်ကယ်ချစ်စရာလေး။
"ကိုကို့ကိုမိတ်ဆက်ပေးရဦးမယိ...ဒါကကျွန်တော့သူငယ်ချင်း။
Xiao Zhanတဲ့....။ဟိုမှာနေတုန်းက Xiao Zhanနဲ့ပဲ
ခင်လာတာ။ကိုကို့ထက် တစ်လပဲငယ်တယ်"
"Doh Kyunh Soo...မင်းလုပ်ပြန်ပြီလား၊ မင်းထက်ခြောက်
နှစ်တောင်ကြီးတယ်ကွ....Ge Geလို့ခေါ်ပါဆို"
YOU ARE READING
Sweet but Hurt (Zawgyi +Uni)
FanfictionWarning - ဒီficက Kyung Sooကို Tနေရာထားမှာပါ။ chanyeolကို Tနေရာကပဲဖတ်ချင်တဲ့သူတွေအတွက် အချိန်ကုန်မှာစိုးလို့ ကြိုသတိပေးထားခြင်းဖြစ်ပါတယ်။ (Chanyeolကိုukeလုပ်ပြီးရေးလို့ သူငယ်ချင်းတေဆီကလည်းအဆဲခံပြီးပါပီ😂) Kyung Soo - ကိုကိုက အရမ်းသဘောကောင်းပြီး လိ...