"ကိုကို....ကိုကိုထတော့ရောက်ပီ"
Kyung Sooသူ့ပုခုံးလေးပေါ် စောင်းမှီအိပ်နေတဲ့ ကိုကိုကြောင့်
မနှိုးချင်သော်လည်း ကိုကိုဇာတ်တွေနာနေမှာစိုးလို့နှိုးလိုက်ရသည်။
"ဟင်...ဝါး....ရောက်ပီလားkyungလေး"
အိပ်ချင်ပူတူးနဲ့ဆံပင်တွေသပ်အင်္ကျီတွေပြင်ကာ ကိုကိုကကားပေါ်က
အရင်ဆင်းသွားလေသည်။
"Woow.....အိမ်ကြီးကအကြီးကြီးပဲ၊ ခြံကြီးကလည်း
အကျယ်ကြီးပဲ"
"ဟုတ်တယ်လေကိုကိုရဲ့....ဒီမှာကကျွန်တော်တို့တစ်အိမ်ပဲရှိတာ၊
အေးအေးဆေးဆေးအနားယူချင်လို့ မြို့ပြင်မှာဝယ်ထားတာလေ၊
နောက် သုံးမိုင်လောက်ကားမောင်းရင်တော့ ရှေ့မှာမြို့တစ်မြို့
ရှိပါတယ်၊ မနက်ဖြန်ဈေးဝယ်တော့မှ လိုက်ပြပေးမယ်"
"အဲ့ဒါဆို ဒီနားမှာဒီတစ်အိမ်ပဲရှိတာပေါ့....၊ရပါတယ်လေ....
ဖေဖေထည့်ပေးလိုက်တဲ့လူတွေကလည်းအများကြီးကို
ကြောက်ဖို့တော့မကောင်းပါဘူး"
"ကိုကိုက....ဖေဖေ့လူတွေဒီမှာနေမယ်လို့ထင်နေတာလား"
"ဟင်....မဟုတ်ဘူးလား"
"အနားလာယူတာလေဗျာ....သူတို့ကိုခေါ်ထားပြီးဘာလုပ်မှာလဲ၊
သူတို့ကပစ္စည်းတွေချပေးပြီးတာနဲ့ပြန်မှာ"
"တ..တစ်ကယ်ကြီးလား"
"သခင်လေးတို့...ကျွန်တော်တို့ပစ္စည်းတွေနေရာချပြီးပါပီ"
"အေး....အဲ့ဆိုပြန်လို့ရပီ"
"ဟုတ်ကဲ့ဗျ"
လူတွေအကုန်ပြန်သွားတာနဲ့ ကိုကို့ကိုကြည့်လိုက်တော့ အိမ်ထဲ
မဝင်သေးပဲ ဟိုကြည့်ဒီကြည့်လုပ်နေလေသည်။
"ကိုကို...အိမ်ထဲဝင်လေ"
"Kyung...kyungလေးပါလာလေ"
"ကိုကိုကသရဲကြောက်တတ်တာလား"
"အင်း.."
ခေါင်းငုံ့ပြီး ရှက်သလိုလိုနဲ့ သရဲကြောက်ကြောင်းဝန်ခံနေတဲ့ကိုကိုရဲ့
YOU ARE READING
Sweet but Hurt (Zawgyi +Uni)
FanfictionWarning - ဒီficက Kyung Sooကို Tနေရာထားမှာပါ။ chanyeolကို Tနေရာကပဲဖတ်ချင်တဲ့သူတွေအတွက် အချိန်ကုန်မှာစိုးလို့ ကြိုသတိပေးထားခြင်းဖြစ်ပါတယ်။ (Chanyeolကိုukeလုပ်ပြီးရေးလို့ သူငယ်ချင်းတေဆီကလည်းအဆဲခံပြီးပါပီ😂) Kyung Soo - ကိုကိုက အရမ်းသဘောကောင်းပြီး လိ...