#Unicode#
ဇေယျာ တစ်ယောက် ဆိုင်မှာ ငူငူငိုင်ငိုင်ဖြင့် ထိုင်နေတော့သည်။ အကြောင်းကား မနေ့က စိုင်းဝီလျံဟိဏ်း ပြောလိုက်သော အပေးအယူ ကိစ္စကြောင့်ပင် ဖြစ်လေသည်။ ဒါကြောင့်ဘဲ ဒီနေ့မနက် ဇာမဏီဟိဏ်းကို ဆိုင်ကိုဘဲ လိုက်ပို့ဖို့ ပြောလိုက်ရတာ ဖြစ်သည်။
ဇေယျာ လက်ထဲတွင် ပန်းစာရင်း စာအုပ် ရှိနေပေမယ့် ပါးစပ်ကနေ "အပေးအယူ။ အပေးအယူ"ဆိုပြီး တိုးတိုးလေး ရေရွတ်နေတော့သည်။
"ကလင်......" ဆိုသည့် ဆိုင်တံခါး ဖွင့်သံ ထွက်ပေါ်လာတော့မှ ဇေယျာလည်း တွေးနေလက်စ အတွေးတွေ ပျောက်ကုန်ပြီး ဆိုင်တံခါးဆီသို့ လှမ်းကြည့်လိုက် းလေသည်။ ပန်းစည်းအပ်ရန် လာတဲ့ ဧည့်သည် ဖြစ်လို့နေလေသည်။
ဒါနဲ့ဘဲ ဇေယျာ "မိုးထက်ရေ ဧည့်သည်လာတယ်" ဆိုပြီး မိုးထက်ကို လှမ်းခေါ်လိုက်သည်။
ပြီးနောက် လက်ထဲက စာရင်း စာအုပ်ကို ကြည့်လိုက်တော့ အပေးအယူ ဆိုတဲ့ စာလုံးတွေ ပြည့်လို့နေတော့သည်။ ဒါကြောင့်ဘဲ ဇေယျာ စာအုပ်ကို ပိတ်လိုက်ပြီး ပန်းခြင်းလုပ်ဖို့ နှင်းဆီပန်းရဲ့ အရွက်တွေကို ချွေနေလိုက်သည်။
မိုးထက် တစ်ယောက် ဇေယျာရဲ့ အော်ခေါ်မှုကြောင့် အနောက်ကနေ ကမန်းကတန်းဖြင့် ထွက်လာပါလေသည်။ ပန်းတွေ ရေစိမ်နေတယ် တူပါရဲ့။ လက်မှာ ရေတွေ ရွဲလို့နေလေသည်။ ဒါနဲ့ မိုးထက် လက်သုတ်ပဝါလေးနဲ့ လက်ကို သုတ်လိုက်ပြီးတော့ ဧည့်သည်ကို သူ့ဆီလာဖို့ ကောင်တာနားကနေ ခေါ်လိုက်တော့သည်။
"အမ ဒီဘက်မှာဗျ"
မိုးထက် ခေါ်ပြီးတော့ ပန်းစည်းပုံ အယ်ဘမ်စာအုပ်တွေကို ထုတ်ပြလိုက်သည်။ ထိုအစ်မက ကောင်တာ အရှေ့သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် မိုးထက်က စပြီး ဧည့်၀တ်ကျေပွန်စွာဖြင့် မေးလိုက်လေသည်။
"အမ ဘယ်လို ပုံစံ ယူမလဲ ဆိုတာ ဒီမှာ ရွေးလို့ရတယ်နော်"
မိုးထက် ပြောလည်း ပြောရင်း အယ်ဘမ်စာအုပ်ကို ရှေ့သို့ တိုးပေးလိုက်သည်။ ဧည့်သည် အစ်မကြီးမှာ မိုးထက် ပေးတဲ့ အယ်ဘမ်စာအုပ်ကို ယူကြည့်လေသည်။ ပြီးတော့ တစ်ရွက်ပြီး တစ်ရွက် ဟိုလှန် ဒီလှန်ဖြင့် အေးအေးဆေးဆေး ကြည့်နေတော့၏။ ကြည့်နေတဲ့ အချိန်မှာလဲ မျက်မှောင်ကြုတ် နေတာကြောင့် မိုးထက်ပင် အနေရခက်လာတော့သည်။ ဒါကြောင့်ဘဲ မိုးထက် ထိုဧည့်သည် အစ်မကို မေးလိုက်လေသည်။
BẠN ĐANG ĐỌC
အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}
Lãng mạnမထင်မှတ်ဘဲ လိုင်းပေါ်မှာတွေ့ခဲ့ကြပြီး ချစ်ကြိုက်သွားကြတဲ့ ဇေယျာနှင့် ဇာမဏီတို့ နှစ်ယောက်။ လိုင်းပေါ်ကနေ အပြင်မှာတွေ့ကြပြီး နှစ်ယောက်သား သံယောဇဉ်တွယ်လာခဲ့ကြတယ်။ တစ်နေ့ ဇာမဏီက ဘာမှ မပြောဘဲ ဇေယျာကို အဆက်အသွယ် ဖြတ်သွားခဲ့တယ်။ အချိန်တွေ ကြာလဲ့တဲ့အခါမှာ ဇ...