#Unicode#
ဇေယျာ ကြားလိုက်ရတာက "ဟိုတယ်ခမရှိလို့"တဲ့လေ။ ဇေယျာ ကြားကြားချင်း ကိုယ့်နားကိုတောင် မယုံကြည်နိုင် ဖြစ်လို့သွားသည်။ ဒါနဲ့ ဇေယျာလည်း ဖက်ထားတာကနေ ရုန်းလိုက်လေ၏။ ဇာမဏီကတော့ ပြုံးပြုံးကြီး ကြည့်နေဆဲပင်။
"ဘတ်"
အမေ ဖြစ်သူရဲ့ ရိုက်ချက်ပြင်းတဲ့ လက်ဝါးအစုံကို ဇေယျာကျောပြင်ကနေ ခံစားလိုက်ရသည်။ ဒါကြောင့် ဇေယျာ အမေဖြစ်သူကို ရန်လုပ်လိုက်လေသည်။
"အမေ...... နာတယ်လေ ဘာလို့ရိုက်တာတုန်း"
"မျက်နှာသွားသစ်စမ်း....ခုထိကို မျက်နှာက မသစ်ရသေးဘူး ကလေးလည်း မဟုတ်တော့ဘူး"
"သစ်မှာပေါ့ အမေဘဲ အရင်နှုတ်ဆက်ခိုင်းပြီးတော့" ဆိုကာ ဇေယျာမှာ အမေ ဖြစ်သူကို ပြန်ခံပြောနေလေသည်။
"အေ ဘာဘဲဖြစ်ဖြစ် သွားသစ်တော့ နင့်အစ်မကတောင် မနက်စာလုပ်နေပြီ"
ဇေယျာလည်း ဇာမဏီရှေ့မှာဆိုတော့ ရှက်တာနဲ့ ဆူပုတ်ပြီး ထိုနေရာက ထွက်လာလိုက်သည်။ အပေါ်ထပ် တက်ရမှာဆိုပေမယ့် အမေဖြစ်သူနဲ့ ဇာမဏီတို့ ဘာများ ပြောနေကြမလဲ ဆိုတာ သိချင်တာကြောင့် အောက်ထပ်က ရေချိုးခန်းကိုသာ သွားလိုက်လေသည်။ ရေချိုးခန်းထဲမှာ သွားတိုက်နေရင်း နာစွင့်နေလိုက်ပါတော့သည်။
"သားက ဘယ်မှာနေတာလဲ"
"အော် သားကအရင်ကရန်ကုန်မှာနေပါတယ် ခုတော့အလုပ်ကိစ္စကြောင့် လားရှိုးမှာ နေနေပါတယ်"
"အေကွယ် ကောင်းပါတယ်၊ သားက ဘာအလုပ်လုပ်တာလဲ"
"အော် Shine company မှာလုပ်ပါတယ်"
"ဟင် Shine အန်တီမကြားဖူးဘူးဘဲ"
"အော် car showroom ပါအန်တီ လားရှိုးမှာက ဖွင့်တာမကြာသေးဘူးလေ"
"အော် ဟုတ်လား"
ရေချိုးခန်းကနေ နားထောင်နေတဲ့ ဇေယျာမှာတော့ မျက်နှာမဲ့ရွဲ့လို့နေလေ၏။
"ကြွားနေလိုက်တာ တကတည်း"ဆိုပြီး ပါးစပ်ကနေရေရွတ်ကာ ပလုတ်ကျင်းလိုက်လေသည်။
"သားက မူဆယ်မရောက်ဖူးဘူးလား"
"ရောက်ဖူးပါတယ် အလုပ်ကိစ္စကြောင့် တစ်ပတ်နှစ်ပတ် လောက်ပါဘဲ"
ESTÁS LEYENDO
အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}
Romanceမထင်မှတ်ဘဲ လိုင်းပေါ်မှာတွေ့ခဲ့ကြပြီး ချစ်ကြိုက်သွားကြတဲ့ ဇေယျာနှင့် ဇာမဏီတို့ နှစ်ယောက်။ လိုင်းပေါ်ကနေ အပြင်မှာတွေ့ကြပြီး နှစ်ယောက်သား သံယောဇဉ်တွယ်လာခဲ့ကြတယ်။ တစ်နေ့ ဇာမဏီက ဘာမှ မပြောဘဲ ဇေယျာကို အဆက်အသွယ် ဖြတ်သွားခဲ့တယ်။ အချိန်တွေ ကြာလဲ့တဲ့အခါမှာ ဇ...