#Unicode#
ဇာမဏီဟိဏ်း မူးနောက်နောက်ဖြစ်ကာ နိုးလာသည်။ မူးလဲရာကနေ ပထမဆုံး မြင်လိုက်ရတာကတော့ မျက်နှာကြက်ဖြစ်လေသည်။ ဒါကြောင့် ဘေးဘီကို ကြည့်လိုက်သည်။ နှလုံးတိုင်းတဲ့ စက်ကလေးရယ် ဆေးပုလင်းချိတ်ထားသည့် တိုင်ကို တွေ့လိုက်ရသည်။ တစ်ဆက်တည်းမှာဘဲ လက်မှာ ထိုးထားတဲ့ ဆေးထိုးအပ်ကို မြင်လိုက်ရသည်။ ဆေးကသွင်းနေတာကြောင့် ဆေးနံ့က နှခေါင်းပေါက်ထဲသို့ ရတစ်ခေါက်၊ မရတစ်ခေါက် ဖြစ်လို့နေသည်။
ထိုအချိန်မှာဘဲ တံခါးဖွင့်လာတော့သည်။ ဇာမဏီဟိဏ်း ချက်ချင်းဘဲ ထိုတံခါးဆီကို အကြည့်ရောက်သွားသည်။ နာ့စ်တစ်ယောက် ၀င်လာကာ ဇာမဏီဟိဏ်းနားသို့ လာနေလေသည်။ ဇာမဏီဟိဏ်းနားသို့ ရောက်တော့ ထိုနာ့စ်က ဆေးပုလင်းကို ကြည့်ပြီး ဇာမဏီဟိဏ်းကို ထိုင်းလိုပြောနေတော့သည်။ ဇာမဏီဟိဏ်းမှာ အားနာပြုံးလေး ပြုံးရုံကလွဲပြီး ဘာလုပ်ရမှန်းမသိတော့။ ခဏနေတော့ ထို့နာ့စ်က ဇာမဏီဟိဏ်းကို ပြုံးပြရင်း ပြန်ထွက်သွားလေသည်။
ထိုနာ့စ်သွားပြီး မကြာ ဒေါ်မေအစ္စဏီ ရောက်လာတော့သည်။
"သား......သား သတိရလာပြီလား"
ဆိုကာ ဇာမဏီဟိဏ်းကို လာဖက်လေတော့သည်။"အင်း အမေ......အခု သား ဘယ်ကိုရောက်နေတာလဲ"
"ခဏနေရင် သားအားလုံးသိရမှာပါ......အခုတော့ သား ဆရာ၀န်နဲ့ အရင် တွေ့ရမယ်"
"ဆရာ၀န်နဲ့ တွေ့ရမယ်"
"ဟုတ်တယ် လာလာ......ထလို့ရတယ်မလား"
"အင်း" လို့ ဇာမဏီဟိဏ်း အမေဖြစ်သူကို ပြန်ဖြေပြီး လဲနေရာက ထလိုက်သည်။ ထလိုက်တော့မှ ကိုယ့်ကိုယ်ကို ကြည့်မိတော့သည်။ ဆေးရုံအ၀တ်အစားနဲ့ ဖြစ်လို့နေလေသည်။
ဇာမဏီဟိဏ်း ထလိုက်ပြီး အမေဖြစ်သူ ဒေါ်မေအစ္စဏီ ခေါ်ရာနောက်သို့ လိုက်လာခဲ့ရသည်။ လိုက်လာတဲ့ တစ်လျှောက်လုံးမှာလည်း ဇာမဏီဟိဏ်း တစ်ယောက် ဟိုကြည့်၊ ဒီကြည့်ဖြင့် လုပ်နေတော့သည်။ လျှောက်လမ်း တစ်ခုလုံးမှာ ထိုင်းစာနဲ့ရေးထားတဲ့ ဆေးကြော်ငြာတွေ၊ သတိပေးချက်တွေကို
ဇာမဏီဟိဏ်း တွေ့လိုက်ရသည်။ ထိုင်းလိုပြောနေတဲ့ လူနာနဲ့ နာ့စ်တွေကိုရောပေါ့။
BẠN ĐANG ĐỌC
အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}
Lãng mạnမထင်မှတ်ဘဲ လိုင်းပေါ်မှာတွေ့ခဲ့ကြပြီး ချစ်ကြိုက်သွားကြတဲ့ ဇေယျာနှင့် ဇာမဏီတို့ နှစ်ယောက်။ လိုင်းပေါ်ကနေ အပြင်မှာတွေ့ကြပြီး နှစ်ယောက်သား သံယောဇဉ်တွယ်လာခဲ့ကြတယ်။ တစ်နေ့ ဇာမဏီက ဘာမှ မပြောဘဲ ဇေယျာကို အဆက်အသွယ် ဖြတ်သွားခဲ့တယ်။ အချိန်တွေ ကြာလဲ့တဲ့အခါမှာ ဇ...