#Unicode#
"အင်း........."
ဇာမဏီဟိဏ်း တစ်ယောက် ညည်းညူရင်း သတိရလာတော့သည်။ လူက နုံးကျိကျိ ဖြစ်လို့နေလေသည်။ ပြီးနောက် လက်မှာ စိုက်ထားတဲ့ အပ်ကို ဇာမဏီဟိဏ်း ခံစားလိုက်ရသည်။ ပိုက်အသေးလေးကိုပါ ထပ်တွေ့လိုက်ရလေသည်။ ဇာမဏီဟိဏ်း ထိုပိုက်လာရာကို ကြည့်လိုက်မိတော့ တိုင်တစ်တိုင်နဲ့ ဆေးပုလင်းကို တွေ့လိုက်ရသည်။ ဆေးက ကုန်လုနီးပါး ဖြစ်လို့နေလေပြီ။ ဇာမဏီဟိဏ်း လဲနေရာမှ ကိုယ်ကို မတ်လိုက်သည်။
အနည်းငယ် လှုပ်လိုက်မိတာကြောင့် ဇေယျာ့ထံမှာ အသံလေး ထွက်လာလေသည်။
"ကိုဟိဏ်း ဘာမှ မဖြစ်ရဘူးနော်၊ ဇေယျာရှိတယ်"
ယောင်ယမ်းကာ ပြောနေတဲ့ ဇေယျာကို ဇာမဏီဟိဏ်း တစ်ယောက် တွေ့သွားလေသည်။ ခုတင်အနားလေးမှာ လက်ကလေးဖြင့် မှီပြီး အိပ်နေလေ၏။ ဇာမဏီဟိဏ်း ခုတင်ပေါ်က ထလိုက်သည်။ ပြီးနောက် ဆေးပုလင်းက အပ်ကို ဆွဲဖြုတ်လိုက်သည်။ ဆွဲဖြုတ်လိုက်တာကြောင့် ထိုအပ်စိုက်ထားတဲ့ နေရာလေးကနေ သွေးစအနည်းငယ် ထွက်လာတော့သည်။ သွေးစ ထွက်လာပေမယ့်လို့ ဇာမဏီဟိဏ်း မသုတ်အားပါ။
ဇေယျာ အနားသွားကာ ကိုယ်ကို အသာလေး ပွေ့ချီလိုက်သည်။ အိပ်မောကျနေတဲ့ ဇေယျာမှာတော့ ဇာမဏီဟိဏ်း လက်ထဲ အသာလေး ပါသွားတော့သည်။ ပြီးနောက်
ဇေယျာကို ခုတင်ပေါ်သို့ သာသာလေး ပြန်ချထားလိုက်သည်။ ခုတင်ပေါ် ပြန်အချမှာ ဇေယျာရဲ့ ကိုယ်လုံးလေး လှုပ်သွားတော့သည်။ ကိုယ်လုံးလှုပ်တာနဲ့ အတူ အသံပါ တစ်ပါထဲ ထွက်လာလေသည်။"ကိုဟိဏ်း" ဆိုပြီးတော့ပေါ့။
ဇာမဏီဟိဏ်းမှာ ချစ်ရသူ၏ အခုလို ပုံစံကို တစ်ခါမှ မမြင်ဖူး၍ သဘောတွေ ကျနေတော့သည်။ ဒါကြောင့်ဘဲ စားပွဲပေါ်တင်ထားတဲ့ ဖုန်းကို ယူကာ ဓာတ်ပုံ လေးငါးပုံလောက် ရိုက်လိုက်လေသည်။ ပြီးနောက် စောင်လေးခြုံပေးလိုက်တော့သည်။
"ချစ် ကိုဘာမှ မဖြစ်စေရပါဘူး။ ကတိပေးတယ် ကိုချစ်အနားမှာဘဲ တစ်သက်လုံး နေမယ်ဆိုတာကိုပေါ့"
ဇာမဏီဟိဏ်း ဇေယျာရဲ့ ပါးလေးကို ကိုင်ပြီး ပြောလိုက်သည်။ ပြီးနောက် အ၀တ်ဗီရိုနားလာကာ အပေါ်ထပ် အနွေးထည် ထုတ်ပြီး ထပ်၀တ်လိုက်သည်။ ပြီးတာနဲ့ အိမ်အောက်ထပ်သို့ ဦးတည်လေတော့သည်။ မနက်အစောကြီး ငါးနာရီဆိုတော့ ဘယ်သူမှ မထသေးပေ။ ဒါကြောင့်ဘဲ ဇာမဏီဟိဏ်း ခြေလှမ်း ခပ်ဖွဖွလေးဖြင့် အိမ်အပြင်ဘက်ကို လျှောက်လာနေတော့သည်။ ထိုအချိန်မှာဘဲ ခြံစောင့်ဦးလေးက ဇာမဏီဟိဏ်းကို တွေ့သွားလေသည်။
KAMU SEDANG MEMBACA
အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}
Romansaမထင်မှတ်ဘဲ လိုင်းပေါ်မှာတွေ့ခဲ့ကြပြီး ချစ်ကြိုက်သွားကြတဲ့ ဇေယျာနှင့် ဇာမဏီတို့ နှစ်ယောက်။ လိုင်းပေါ်ကနေ အပြင်မှာတွေ့ကြပြီး နှစ်ယောက်သား သံယောဇဉ်တွယ်လာခဲ့ကြတယ်။ တစ်နေ့ ဇာမဏီက ဘာမှ မပြောဘဲ ဇေယျာကို အဆက်အသွယ် ဖြတ်သွားခဲ့တယ်။ အချိန်တွေ ကြာလဲ့တဲ့အခါမှာ ဇ...