Ep 30(Uni+Zaw)

228 19 2
                                    

#Unicode#

မနက်က ဇာမဏီဟိဏ်းနဲ့ ဇေယျာတို့ ပျော်ပျော်ပါးပါးဖြင့် ဟိုတယ်ကို အတူလာကြလေသည်။ ဟိုတယ်ရဲ့ ရုံးခန်းကို ရောက်ရုံရှိသေးသည်။ ဇာမဏီဟိဏ်းဆီက ဖုန်းက မြည်လာတော့သည်။ ဇာမဏီဟိဏ်း ကြည့်လိုက်တော့ အကိုဖြစ်သူဆီက ဖုန်းဖြစ်လို့နေလေသည်။ ဒါကြောင့်ဘဲ ဖုန်းကိုင်လိုက်သည်။

"ဟုတ်ပြီ......လာခဲ့လိုက်မယ်" လို့ ပြောပြီး ဇာမဏီဟိဏ်း ဖုန်း ချက်ချင်း ချလိုက်သည်။ ပြီးနောက် ဇေယျာကို ဟိုတယ်မှာ ခဏ နေခိုင်းခဲ့ကာ ဇာမဏီဟိဏ်း တစ်ယောက် ရုံးခန်းကနေ ထွက်သွားတော့သည်။

ဇာမဏီဟိဏ်းရဲ့ ကားလေးဟာ Shine Companyရှေ့မှာ ရပ်တန့်သွားသည်။ ကားပေါ်ကဆင်းပြီး ဇာမဏီဟိဏ်း တစ်ယောက် ကုမ္မဏီထဲ၀င်ဖို့ တုံ့ဆိုင်းနေလေသည်။ ခဏက အကိုဖြစ်သူ စိုင်းဝီလျံဟိဏ်း ဖုန်းဆက်သည်။ အဖေဖြစ်သူ
ဦးရှိုင်းတေဇဟိဏ်းက တွေ့ချင်သည်ဟု ပြောလာလေသည်။ ဒါကြောင့်ဘဲ ဇာမဏီဟိဏ်း ကုမ္မဏီကို လာရခြင်းဖြစ်သည်။

ကုမ္မဏီရှေ့သို့ ရောက်လာပေမယ့်လည်း ဇာမဏီဟိဏ်းမှာ အထဲ၀င်ဖို့ ၀န်လေးနေလေသည်။ စိတ်ထဲတွင်လည်း အဖေဖြစ်သူနဲ့ တွေ့ပြီး မကောင်းတာ တစ်ခုခု ဖြစ်တော့မည်ကို တွေးပူနေသည်။ ဒါပေမယ့်လည်း ဇာမဏီဟိဏ်း တစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ယုံကြည်ချက်ရှိရှိဖြင့် ကုမ္မဏီထဲသို့ ၀င်သွားတော့သည်။

ဇာမဏီဟိဏ်းလည်း ကုမ္မဏီသို့ ၀င်လိုက်လျှင်ပင် အောက်ထပ်မှာ ရှိနေကြတဲ့ ၀န်ထမ်းတွေရဲ့ အကြည့်က ဇာမဏီဟိဏ်းထံသို့ အလို အလျောက် ကျရောက်လာတော့သည်။ ဒါပေမယ့် ဇာမဏီဟိဏ်းမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ဓာတ်လှေကားရှိရာသို့ ဦးတည်ကာ သွားလိုက်လေသည်။ ဓာတ်လှေကားရှေ့တွင် ရပ်စောင့်နေကြတဲ့ ၀န်ထမ်းတွေမှာလည်း ဇာမဏီဟိဏ်း လာတော့ ရှောင်ပေးကြလေသည်။

ဓာတ်လှေကားပွင့်သွားတော့ ဇာမဏီဟိဏ်း အထဲ ၀င်သွားလိုက်လေသည်။ ဒါပေမယ့် ဘယ်၀န်ထမ်းမှ လိုက်မ၀င်ကြပါ။ ဇာမဏီဟိဏ်းကို ဦးရှိုင်းတေဇဟိဏ်းအား ပြန်ပြော‌ သောကြောင့် ရှိန်နေကြတာ ဖြစ်လေသည်။ ဘယ်သူမှ မ၀င်တော့ ဓာတ်လှေကားလေးက အလိုလို ပိတ်သွားချေသည်။

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}Место, где живут истории. Откройте их для себя