သူ့ဆီမှထွက်ခဲ့ပြီးသုံးပတ်အကြာအထိ ရံဖန်ရံခါသူ့အားသတိရရုံမှအပ အဆင်ပြေပါသည်
သို့ပေမယ့်လို့ Wu Yifanသည်သိပ်ဆိုးပါသည် မည်မျှပင်ညနက်နက်လာမကြိုဖူးသူသည် နှစ်ပတ်ကုန်လွန်ချိန်မှစ၍ ရုံးဆင်းချိန်တိုင်း ကျွန့်တော်အလုပ်လုပ်သည့်ကုမ္မဏီရှေ့တွင်ရှိနေတတ်သည် သူအားမသိကျိုးကျွံပြုကာ ဖယ်သွေသွားလည်း မိမိ၏မလှမ်းမကမ်းမှ လိုက်လာကာ မိမိနေသည့်နေရာအထိ နောက်မှတကောက်ကောက်ပါလာတတ်သည်
နေ့လည်ဘက် ထမင်းစားချိန်မျိုးတွင်လည်း စားစရာတစ်ခုပြီးတစ်ခုယူကာသူရောက်လာတတ်သေးတယ် မယူဘူးဆိုလျှင်လည်း အတင်းထိုးပေးကာ ပြေးထွက်သွားတတ်သည် သူမှန်းသိလျှက်နှင့် တမင် တွေ့ချင်၍ ဆင်းတွေ့သောကျွန်တော့်အား သူသိမည်မဟုတ်
ရုံးပိတ်ရက်မျိုးတွင်လည်း အိမ်ဘက်မယောင်မလည်လာတတ်သေးသည် မရမကပြန်ဆက်သွယ်ကာ တောင်စဉ်ရေမရစကားတွေကသူပြောသည် သူ့ပုံစံက လွန်ခဲ့သော လေးနှစ်ကျော်ကာလကအတိုင်းဖြစ်နေသည်
တကောက်ကောက်လိုက်မယ် မသိသလိုတမျိုးသိသလိုတမျိုးအနားရှိပေမည်
ဒါပေမယ့်လို့အခြေအနေတွေကမတူတော့
ဟိုမိန်းကလေးနှင့်မည်သို့မည်ပုံဖြစ်သွားသလဲလည်းဟုလည်းမသိချင်
ဒီနေ့လည်းကြည့်ပါဦး ညနက်နေပြီးကိုမပြန်သေးဘဲ ဒီလူဘာလုပ်နေပါသလဲ
"ဒီမှာWu Yifan ကျွန်တော်စိတ်အနှောင့်အယှက်ဖြစ်တာမို့ ပြန်ပါတော့"
"ကလေးရယ် ကိုယ်မှားမှန်းသိပါပြီး ကိုယ့်ဆီပြန်လာပါနော် ကလေးနော်"
"တဆိတ် ခင်ဗျားဘာတွေပြောနေမှန်းနားမလည်ဘူး ကျွန်တော်ဖြစ်ချင်တာ ခုကျွန်တော့်အိမ်ရှေ့ကခင်ဗျားထွက်သွားဖို့"
"ကိုယ်ရူးခဲ့တာ ဟုတ်တယ် အသိဉာဏ်မဲ့ခဲ့တာ အဲ့ဒီအချိန်အတောအတွင်း ကိုယ်မိုက်မဲခဲ့တာ ကလေးမရှိဘဲ ကိုယ်မနေနိုင်မှန်းသိရက်နဲ့ကွာ ကိုယ့်ဆီပြန်လာပါနော်"
သူ့ပါးအား သူ့လက်နှင့်ကိုယ်တိုင်လေးငါးချက်ဆင့်ရိုက်လိုက်တဲ့လူ

YOU ARE READING
Finally over.....but ( Zawgyi+Unicode)(completed)
Fanfictionအရာရာမေ့ပြီးအသစ်ကပြန်စနိုင်မယ်ထင်ခဲ့တာ မဟုတ်ဘူးပဲ နှလုံးသားကဒဏ်ရာကမေ့ပျောက်ဖို့မလွယ်တော့ ခက်လိုက်တာ ခင်ဗျားရယ် အရာရာမေ့ပြီးအသစ်ကပြန်စနိုင်မယ်ထင်ခဲ့တာ မဟုတ်ဘူးပဲ နှလုံးသားကဒဏ်ရာကမေ့ပျောက်ဖို့မလွယ်တော့ ခက်လိုက်တာ ခင်ဗျားရယ်