တစ်ခုသောဆောင်းဦးရဲ့ညနေခင်းတစ်ခုမှာ အဓိပ္ပါယ်မဲ့ပတ်ဝန်းကျင်ကိုငေးမော၍ သူငိုနေမိသည်
သူဒီလိုဖြတ်သန်းလာခဲ့ရတာကြာပြီး မည်သူမှသူ့၏အနားမရှိခဲ့ မားမားမတ်မတ်ရှေ့မှောက်အမြဲရှိနေပေးပါ့မယ်လို့ပြောခဲ့တဲ့သူဟာ နီးနေပါလျက်နှင့် တဖြည်းဖြည်းဝေးနေကြရပြီ ပေးခဲ့သောဂတိများသည်လျှင်ပင် လေနှယ် မျောလွှင့်ပျောက်ပါးကုန်ကြပြီး
ဒီလိုပါပဲသူနာကျင်နေပေမယ့် ဒီလက်ကိုမလွတ်နိုင်သည်မို့ သည်းခံနိုင်သည့်အချိန်တစ်ခုအထိဖြင့် ဆက်ရူးချင်ပါသေးတယ်
အချိန်ကာလတခုကသူ့ကိုသိပ်ဂရုစိုက်ဖူးသော နွေးထွေးခဲ့ဖူးသော လူသည် သူ့အားတဖြည်းဖြည်းနှင့်တွန်းဖယ်လေပြီးဖြစ်သည်
သူကသံသယသိပ်များလွန်းသည် သူတို့မကြာခဏစကားများကြသည် တတိယလူကြောင့် ဒီလိုသူ့အပေါ်အေးစက်လာခြင်းကိုသူသိပ်မုန်းသည်
ဒီနေ့သူတို့နှစ်ယောက်ရဲ့ လေးနှစ်ပြည့် နှစ်ပတ်လည်နေ့ သူတယောက်တည်း
တယောက်သောသူကမှတ်မိပါ့မလားတောင်မသေချာပါ သူအရမ်းပင်ပန်းနေပြီး
....
"Wu Yifan ဒါ ဒါ ဘာဖြစ်နေကြတာလဲ"
စိတ်အလုံးစုံကိုလျော့ချကာ အိမ်အပြန် မြင်လိုက်ရသည့်မြင်ကွင်းကရောက်ရောက်ချင်းကိုဆောင့်နှင့်ထွင်းပလိုက်သလို ဧည့်ခန်းထက် ကလူနေကြသော သူ၏ချစ်ရသောသူနှင့် တခြားသောမိန်းကလေးတစ်ယောက် ဒါကဖြင့်တော်တော်လွန်သွားပြီး သူ့သည်းခံနိုင်စွမ်းကုန်ဆုံးအောင်Wu Yifanကစွမ်းဆောင်နေခြင်း
"အာ ကလေး မဟုတ်ဘူးနော်မင်းထင်သလို ဒါကလုပ်ဖော်ကိုင်ဖက်ပါ ဒီနေ့ပြန်လာတာစောသားပဲ"
ဗြောင်လိမ်ဗြောင်စားဆိုတာဒါမျိုးပင် ချစ်လွန်းလို့မသိချင်ယောင်ဆောင်နေတာကို ကန်းတယ်များထင်နေသလား ခင်ဗျားရယ်
ခင်ဗျားပါးစပ်က ထွက်တဲ့နာမ်စားကိုတောင်တဖြည်းဖြည်းရွံလာပြီး ဒီနေ့ကိုမေ့နေတဲ့ခင်ဗျားကို ရှေ့ဆက်ဘလိုရင်ဆိုင်ရပါ့

YOU ARE READING
Finally over.....but ( Zawgyi+Unicode)(completed)
Fanfictionအရာရာမေ့ပြီးအသစ်ကပြန်စနိုင်မယ်ထင်ခဲ့တာ မဟုတ်ဘူးပဲ နှလုံးသားကဒဏ်ရာကမေ့ပျောက်ဖို့မလွယ်တော့ ခက်လိုက်တာ ခင်ဗျားရယ် အရာရာမေ့ပြီးအသစ်ကပြန်စနိုင်မယ်ထင်ခဲ့တာ မဟုတ်ဘူးပဲ နှလုံးသားကဒဏ်ရာကမေ့ပျောက်ဖို့မလွယ်တော့ ခက်လိုက်တာ ခင်ဗျားရယ်