........❤

106 13 21
                                    

Wu Yifan ရှုပ်ရှုပ်ရှုပ်ရှုပ်လုပ်ထားသည့်မိန်းကလေး၏စေခိုင်းချက်တဲ့လား မခံသာလိုက်တာ သူကဖြင့် ခွဲခန်းဝယ် အလူးအလဲ

ခွဲခန်းမှထွက်ကာ ကုတင်ထက်ဖြူလျော့နေသောWu Yifanကိုသူနားမလည်နိုင် အထူးသဖြင့်ဒီလူကသူ့ကို နားမလည်နိုင်လေခြင်းရယ်ဟု ခံပြင်းမိသည်

"Chan.......ကလေးငယ်"

အလန့်တကြားမိမိနာမည်ကိုတမ်းတကာ နိုးထလာသည့် သည်လူသား မိမိမှာသူအနားမသွားရသေးခင် ဆေးပိုက်တို့ကိုဆွဲဖြုတ်ကာ မိမိအားထွေးပွေ့လာသည့်သူ သူ့လက်ကောက်ဝတ်ထက် သွေးစက်တို့ကယိုဖိတ်လျက်ရှိသည်

"Wu Yifan ဖယ်ပါဦး "

တအင်းတွန်းတော့ဖြင့် အသာအယာလွတ်ပေးလာသူ

"တော်သေးတာပေါ့ တော်သေးတယ် "

မိမိမျက်နှာ ခန္ဓာကိုယ်အနှံ့စစ်ဆေးကြည့်ရှုကာ အိပ်မက်ယောင်သူလို ည ည်းနေလေတဲ့လူ

"Wu Yifanလည်းသက်သာနေတဲ့ပုံပါပဲ ကျွန်တော်ပြန်လိုက်ပါဦးမယ် Wu Yifanမိတ်ဆွေတစ်ယောက်ကို ကျွန်တော်ခေါ်ထားပေးပါတယ်"

"မ မဟုတ်ဘူးလေ "

"ဘာလဲWu Yifan"

"ချစ်တယ် ချစ်တယ်ဆို ကလေးပြောတာလေ ကိုယ့်ကိုချစ်တယ်ဆို"

"အဲ့တာဘာများမှားလို့လဲ"

"ဒါဆိုကိုယ့်ကို ထားခဲ့ပြီးဘယ်သွားမလို့လဲ"

"ခက်တာပဲ ခင်ဗျားရယ် ချစ်တယ်ပဲပြောတာလေ ပြန်လာမယ်လို့ ကျွန်တော်မပြောမိခဲ့ဘူး"

လက်ကောက်ဝတ်ထက်ဖမ်းဆွဲထားသောသူ့လက်တို့ကအားပျော့လာခဲ့သည် သူ့ရဲ့ပုံစံက ခပ်တွေတွေလေး

"ခွင့်ပြုပါဦး"

လက်တို့ကိုဖြည်ချကာ သူထွက်လာလိုက်သည် သူကချည်းကျောခိုင်းလာရပေမယ့်လို့ သူကချည်း နာကျင်နေရသလိုပင်  ဝေးနေရတာတောင်နာကျင်နေရတယ် နောက်တစ်ကြိမ်နီးကပ်လွန်းသွားပြီးမှ ထပ်မံနာကျင်ရပါက သူရပ်တည်နိုင်မည်မဟုတ်ပါ

နောက်နေ့များတွင် Chanyeol ဆေးရုံသို့မသွားဖြစ်ပါ ကိုယ့်အစားဝင်ခံသည်ဆိုသော်လည်း သူ့အရှုပ်နှင့်သူထိသည်ဟုသာ မှတ်ယူလို်က်သည်

Finally over.....but ( Zawgyi+Unicode)(completed)Where stories live. Discover now