"ကြည့်ခုကိုယ်နွေးနေပြီးမဟုတ်လားအဆိုးလေးရဲ့"
"ဘာလဲငြိုငြင်တာလား"
"မဟုတ်ပါဘူးကွာ နေမကောင်းဖြစ်ရင် ကိုယ့်ကလေးက ဘယ်လောက်ခံရသလဲသိလို့ စိတ်ပူလို့ပါ
ကိုယ် ကြက်သားဆန်ပြုတ်လေးပြုတ်ပေးမယ်နော်"
"ဆန်ပြုတ်မစားချင်ဘူးဟာ"
"မရဘူးလေကွာ ကိုယ်နွေးနေပါတယ်ဆို"
"အင်းအင်းပြီးရောပြီးရော"
ဆူပုတ်ကာ ဆန့်ကျင်ဘက်သို့လှည့်သွားသည့်ကောင်လေးအား အနောက်ဘက်မှသိုင်းဖက်လိုက်သည်
"အဆိုးလေးကွာ ကိုယ်နွေးနေလို့ပါဆိုတာကို..."
'တီ တီ တီ'
"ခနနော်"
ရုတ်တရပ်ဝင်လာသည့်ဖုန်းကြောင့် စကားပြောရန် အခန်းပြင်သို့ထွက်လိုက်သည် ဆိုင်မှမလာတာကြာပြီးဖြစ်သောကြောင့်လချုပ်စားရင်းစစ်ပေးရန် ပြောခြင်းဖြစ်သည်
ဖုန်းပြောပြီး အခန်းထဲဝင်မည်ဟုဆိုကာအလှည့် လှစ်ကနဲ ကုတင်ပေါ်ပြေးတက်သွားသည့်အရိပ်ကလေး
ဆန်ပြုတ် ပြုတ်ပြီး၍ ကလေးငယ်အား ဆန်ပြုတ်တိုက်ဆေးပါသောက်ခိုင်း၍ ကလေးငယ်အိပ်ပျော်သည်အထိထိုင်ကြည့်နေမိသည်
ဟောက်သံပိစိလေးတောင်ထွက်လို့ ချစ်ရသူအနားဝင်လှဲကာမိမိလက်မောင်းထက်ခေါင်းအုံးစေလိုက်သည် ခါးထက်ရစ်နှောင်လာသည့်လက်ကလေးတို့အားအသာပုတ်ကာ ရင်ခွင့်ထဲသို့ထည့်ကာမိမိသည်လည်းအိပ်စက်ခြင်းဆီသို့မနက်ခင်းမှာWu Yifan ရဲ့ရင်ခွင်ထဲကနိုးထရတာဟာဘယ်လောက်ကောင်းလိုက်သလဲ
သည်ရင်ခွင်ကိုလွမ်းနေသည်မှာတော့အမှန်ပင် အရဲစွန့်ကာနောက်တစ်ဖန်ပြန်ယုံစားမိခြင်းရဲ့အပေါ်သူနောင်မရလိုပါ
.....
နောက်တစ်နေ့၌ ကလေးအားမိမိတိုက်ခန်းသို့ပြန်ပြောင်းလာခိုင်းလိုက်သည် အရင်ကထက် ကလေးငယ်အား နွေးထွေး၍ချစ်ပေးနိုင်ရန်လည်း သူအစွမ်းကုန်ကြိုးစားမည်
အတိတ်နေ့ရက်များကလို မိမိ၏နေရပ်ဝန်း၌ ကလေးငယ်၏ရယ်သံများဖြင့် ပနံသင့်နေသော်လည်း

YOU ARE READING
Finally over.....but ( Zawgyi+Unicode)(completed)
Fanfictionအရာရာမေ့ပြီးအသစ်ကပြန်စနိုင်မယ်ထင်ခဲ့တာ မဟုတ်ဘူးပဲ နှလုံးသားကဒဏ်ရာကမေ့ပျောက်ဖို့မလွယ်တော့ ခက်လိုက်တာ ခင်ဗျားရယ် အရာရာမေ့ပြီးအသစ်ကပြန်စနိုင်မယ်ထင်ခဲ့တာ မဟုတ်ဘူးပဲ နှလုံးသားကဒဏ်ရာကမေ့ပျောက်ဖို့မလွယ်တော့ ခက်လိုက်တာ ခင်ဗျားရယ်