Section-1
ပြောထားတဲ့အတိုင်း နောက်နေ့ရောက်တော့ မွန်းတည့်ချိန်ကိုရှောင်ပြီး ခရီးဆက်ဖြစ်ကြတယ်......
မွန်းမတည့်မီကနေ ညနေစောင်းတဲ့အထိ တည်းခိုဆောင်မှာအနားယူကြပြီး ညဘက်မှာပဲ ခရီးဆက်ရတာဟာ ပိုပြီးတော့ အဆင်ပြေတာတော့အမှန်ပင်.....
ပိုပြီးသက်သက်သာသာရှိအောင် ဂျောင်ဂုကမြင်းနဲ့သွားဖို့စီစဥ်လိုက်သည်။
အရင်နေ့တွေက ခြေလျင်ခရီးဆက်ကြပေ
မယ့် အခုတော့ မြင်းနဲ့သွားရတာကြောင့် အဆင်ပြေတယ်...."ကြယ်လေးတွေက လှတယ်နော် ကိုကို...."
"အင်း......"
"Adtonကို ဘယ်တော့အရောက်သွားဖို့ တွေးထားလဲ~ကိုကို..."
"အင်း~နောက်လပြည့်မတိုင်ခင်ပေါ့...ပြီးရင် အိမ်ပြန်ရတော့မယ်....."
သူ့အမေးကို ဖြေပြီးတော့ ကိုကိုကသက်ပြင်းချတယ်...
သူကမြင်းဇာတ်ကြိုးကိုကိုင်ထားပြီး ကိုကိုက သူ့ရင်ခွင်ထဲမှာ.....ကိုကိုမြင်းမစီးတတ်တာက သူ့အတွက်ကံကောင်းခြင်းလို့ဆိုရမယ်....
"အိမ်ကိုလွမ်းနေတာလား~ကိုကို"
ဘယ်လိုသိတာလဲဆိုပြီး အံ့သြတကြီးနဲ့ ကိုကိုက သူ့ကိုလှည့်ကြည့်တာ နှုတ်ခမ်းလေးတောင် ဟလို့.....
"ဘယ်လိုသိတာလဲ...."
"ဒီလိုပဲ သိတာပေါ့.....ကိုကိုရဲ့"
ဘယ်သူ့ကိုမှမကြားစေချင်ပုံနဲ့ ကိုကိုက
သူ့အနားကို တိုးကပ်လာတယ် .... နီးကပ်လွန်းတာကြောင့် ဂုတ်ပိုးက မှဲ့ကလေးနဲ့
မွှေးညှင်းလေးတွေကိုတောင် ထင်ထင်ရှားရှားမြင်နေရပြီ.....အသည်းယားလိုက်တာ.....
"ဂျောင်ဂုက သူများအတွေးတွေကို သိနိုင်တယ်မဟုတ်လား...."
နောက်နေတာများလားလို့တွေးမိပေမယ့်
မျက်လုံးလေးတွေအရောင်တောက်လောက်အောင်အထိ စိတ်ဝင်တစားမေးနေတာပဲ....ကိုကို့အမေးကို နားမလည်သလိုစိုက်ကြည့်မိတော့ "သူသိပါတယ်"ဆိုတဲ့ပုံစံမျိုးနဲ့ ကိုကိုကပြုံးတယ်....
![](https://img.wattpad.com/cover/241425128-288-k959639.jpg)