Section-1"ကိုကို~သူတို့နဲ့ လိုက်သွားနော်....ကျွန်တော်အကုန်စီစဥ်ပြီးသွားပြီ....ကိုကို့ကို Adtonရောက်အောင် သူတို့ပို့ပေးကြလိမ့်မယ်..."
".............."
"လိုက်သွားနော်...ကိုကို..တော်ကြာ Adtonရောက်ဖို့နောက်ကျနေလိမ့်မယ်...."
မနေ့ကဘဲ သူ့တို့နမ်းနေကြတာကို အခုတော့
မသိသလိုနဲ့ တစ်ယောက်ထဲ ခရီးဆက်ခိုင်းနေတဲ့ ဂျောင်ဂုဟာ မုန်းစရာကောင်းတယ်...."ဘာလို့လဲ ကိုကို ဟင်...သူတို့ကိုမယုံလို့လား...ကျွန်တော်အားလုံးသေချာစီစဥ်ထားပါတယ်....သူတို့ကယုံကြည်ရတဲ့သူတွေပါ...."
သူဘာမှပြန်မပြောတာကြောင့် ဂျောင်ဂုက နောက်တစ်ခါထပ်ပြောတယ်...
"ဒါဆို ဂျောင်ဂုကရော...."
"ကျွန်တော်က ဒါဏ်ရာနဲ့ဆိုတော့ အတူသွားရင်ခရီးမတွင်ဘဲနေမှာပေါ့...ကိုကိုရဲ့....အရင်သွားနှင့်လိုက်လေနော်....."
သူ့ဘာသာသူ အထင်တွေနဲ့ ခပ်တိုးတိုးရှင်းပြနေတဲ့ ဂျောင်ဂုကိုခြေထောက်တစ်ချက်
ဆောင့်ပြလိုက်တယ်...."ဘာလို့လဲ ကိုကိုရဲ့..."
"လာမမေးနဲ့~သိချင်ရင် ဂျောင်ဂုမှာရှိတဲ့အစွမ်းကိုသုံးကြည့်ပါလား..."
ဂျောင်ဂုနဲ့ပဲအတူသွားချင်တာ~တခြားသူတွေနဲ့အတူရှိမနေချင်ပါဘူး....ပြီးတော့ ဒီခရီးဟာ သူတို့အတွက်နောက်ဆုံးမဟုတ်လား....
သူ့ဘဝအမှန်ကို မသိလို့သာ~သိသွားရင်
ဂျောင်ဂုကပြောင်းလဲသွားမှာ...သူ့ဘဝအမှန်ကို Adtonရောက်ရင် ဂျောင်ဂုလည်းသိသွားမှာ ဖြစ်တာကြောင့် အခုလိုမျိုးအခြေအနေမှာ အတူရှိနေချင်တာ သူ့အလွန်တော့မဟုတ်ဘူးလေ...နိုးလာရင်ပျောက်ကွယ်သွားမယ့် အိပ်မက်ကလေးဆိုပေမယ့် မက်ခွင့်ရတုန်းမှာတော့ ထွေးပွေ့ထားချင်မိတယ်....
"ကျွန်တော့်ကို ကြည့်ပါဦး ကိုကိုရဲ့...."
မျက်ရည်တွေဝဲနေတဲ့ ကိုကို့ကို ကြည့်ပြီး သူပြုံးလိုက်မိတယ်.....
သူ့မှာ ဒါဏ်ရာရနေတာကြောင့် Adtonကို ကိုကိုရောက်ချင်တဲ့ အချိန်မှာမရောက်နိုင်မှာ စိုးလို့စီစဥ်မိတာကို စိတ်ဆိုးသွားတာ.....