Section-1
သူတို့လိုချင်တဲ့သတင်းကိုအဆင်ပြေပြေရခဲ့တာကြောင့် Adtonမြို့ကနေစောင့်မနေတော့ဘဲ Adtonမရောက်ခင်မြို့ကနေပဲ အရှင်နဲ့ဆုံဖြစ်ခဲ့ကြသည်။
သူတို့ကိုပြောပြတာကိုနားထောင်ပြီး
ဘာစကားမှဆက်မပြောဘဲ အခန်းအပြင်ကိုထွက်သွားတဲ့ အရှင့်ကို ကြည့်ပြီး
ဟူဒူနဲ့ ချင်စန်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်....."အရှင်နဲ့ သခင်လေးဂျောင်ဂုကို ကြည့်ရတာ တစ်မျိုးပဲနော် ဟူဒူ....."
သူတို့Adtonကိုမသွားခင်ကနဲ့ အခုပြန်တွေ့ချိန်နဲ့ကို ယှဥ်ကြည့်ရင် အရှင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတစ်မျိုးတော့ထူးလာတယ်....
အရင်က ဂျောင်ဂုသခင်လေးဘက်ကသာ
အရှင့်ကို ဂရုစိုက်နေတာ...အခုတော့ အရှင့်ဘက်ကလည်း တရင်းတနှီးဆက်ဆံနေတယ် မဟုတ်လား...."ကလေးက ကလေးလိုနေစမ်းပါ ချင်စန်းရယ်....."
သက်တမ်းနှစ်50လောက်ကြီးတာနဲ့ ကလေးလို့လာပြောနေတဲ့ ဟူဒူ့ကို မကျေနပ်ပေမယ့် အသာငြိမ်နေလိုက်တယ်.....
"ဒီမှာ ကြည့်စမ်း ချင်စန်း~အရှင်နဲ့ သခင်လေးဂျောင်ဂုကလေ အချင်းချင်းမေတ္တာရှိနေကြပြီ သိလား......"
ချင်စန်းက မမေးပေမယ့် ထုံးစံအတိုင်း ဆရာလုပ်ချင်တဲ့ ဟူဒူကဆက်ပြောတယ်.....
"ဟုတ်ပါ့မလား......"
"မင်းက ငယ်သေးလို့မသိပေမယ့် ငါ့အတွေ့အကြုံအရဆိုရင် သေချာသလောက်ရှိတယ် ချင်စန်း.....သခင်လေး ဂျောင်ဂုနဲ့ အရှင်တို့တစ်ယောက်ကို တစ်ယောက်ကြည့်တဲ့
အကြည့်တွေကို မင်းမမြင်ဘူးလား...."အတည်ပြောနေတဲ့ ဟူဒူ့ကိုကြည့်ပြီး သူမယုံနိုင်သလို ခေါင်းခါလိုက်မိတယ်.....
မဖြစ်နိုင်ပါဘူး.....အရှင်က လူသားတွေနဲ့မပတ်သက်ချင်ဘူး မဟုတ်လား....
"သြော်.....ချင်စန်း~ချင်စန်း.....မင်းက အချစ်ကို ကြုံမှမကြုံဖူးတာကို...ဘယ်နားလည်နိုင်ပါ့မလဲ...."
"မင်းကရော ကြုံဖူးလို့လား....."
"အဟမ်း....အဟမ်း.....ပညာရှိတွေက မကြုံဘူးလည်း တွေ့ဖူးမြင်ဖူးရုံနဲ့ နားလည်တယ်~"