Unicode
Section-1
သူတို့သုံးယောက်ခရီးဆက်လာရင်းနဲ့ ညနေစောင်းလောက်မှာ ကြားမြို့တစ်မြို့ကိုရောက်လာခဲ့တယ်....Adtonကိုရောက်ဖို့ဆိုရင် ဒီလိုမြို့တွေအများကြီးကိုဖြတ်ရဦးမှာ
...ကြိုတွေးထားသလိုပဲ ဒီမြို့မှာတစ်ညအနားယူဖို့ ဂျီမင်းဆုံးဖြတ်လိုက်တယ်....
မြို့ထဲဝင်လာတာနဲ့ ဆူညံနေတဲ့အသံတွေကိုကြားရတယ်....လမ်းပေါ်မှာ ပျားပန်းခတ်အောင်သွားလာနေတဲ့ လူတွေဆိုတာလည်း ပွဲတော်ကြီးကျင်းပနေသလားထင်ရတယ်....
စကားပြောသံတွေ၊ လှုပ်ရှားမှုတွေနဲ့ အသက်ဝင်နေတဲ့ ဒီမြို့ဟာ Teskaနဲ့တော့ အများကြီးကွာခြားနေတယ်....
"သခင်လေးတို့......ညစာသုံးဆောင်ပြီးပြီလား....."
သူတို့Teskaမှာပဲနေခဲ့တဲ့ နှစ်ပေါင်း 150 အတွင်းမှာ လူတွေတော်တော်ပြောင်းလဲသွားပြီပဲ...
ကြည့်စမ်း~အခုမှတွေ့ဖူးတဲ့သူတွေကို "ညစာစားပြီးပြီလား"လို့ တကူးတကမေးတတ်နေကြပြီ...အံ့သြနေရင်းမှ သူတို့ကိုမေးနေတဲ့ မိန်းကလေးကို ဟူဒူခေါင်းခါပြလိုက်တယ်.....
"အဲ့တာဆို....အထဲဝင်ပြီး သုံးဆောင်ကြပါဦးလား...."
အရှင်နဲ့ ချင်စန်းကိုကြည့်တော့လည်း
သူ့လိုပဲ လူသားတွေရဲ့ဖော်ရွေမှုကိုအံ့သြနေတဲ့ပုံစံနဲ့.....
"လာပါ သခင်လေးတို့ရဲ့....လာပါ..."
အတင်းကိုလက်မဆွဲရုံတမယ် ဖိတ်ခေါ်နေတာကြောင့် သူတို့လိုက်သွားတော့ အဆောက်
အဦးအတွင်းက စားပွဲမှာနေရာချပေးတယ်....
အထဲမှာလည်း ညစာစားနေတဲ့သူတွေအများကြီးကိုတွေ့ရတာကြောင့် ဟူဒူစိတ်အေးသွားတယ်.....ကိုယ်တွေအတွက်ပဲ သီးသန့်လုပ်ပေးနေရတာဆိုရင် အားနာစရာကောင်းနေမှာ...အခုလိုတခြားသူတွေအတွက်လည်း ညစာပြင်ဆင်ပေးတယ်ဆိုရင် အားနာစရာ
မလိုတော့ဘူးပေါ့...
ပြန်ရင်တော့ သူ့မှာရှိတဲ့ ညလင်းပုလဲတစ်လုံးလက်ဆောင်ပေးဖို့ ဟူဒူတွေးမိတယ်....
စားပွဲမှာနေရာယူပြီးတော့ အစားအသောက်နာမည်တွေရွတ်ပြပြန်တယ်....
YOU ARE READING
Begin Again(Completed)
Fiksi PenggemarThe bravest thing you will ever do is love again.
