Chapter-4

1.1K 205 27
                                    

Unicode

Section-1

"အစ်ကိုဟူဒူနဲ့ အစ်ကိုချင်စန်းကို မတွေ့ဘူးနော်~ကိုကို.."

"သူတို့ကို ခိုင်းထားတာရှိလို့......."

သူပြောပြတာကိုပဲ ခေါင်းငြိမ့်နားထောင်တဲ့ ဂျောင်ဂုဟာ ဘာမှတော့ထပ်မမေး....

သူတို့ခရီးဆက်လာတော့ နေစထွက်ခါစပဲရှိသေးသည်။

Teskaကနေထွက်လာတာ တစ်ပတ်လောက်ရှိပြီဆိုတော့ နေရောင်ကို ဂျီမင်းနည်းနည်းတော့နေသားကျလာပြီး စိတ်ရှုပ်စရာတစ်ခုလို
မခံစားမိတော့....

ခပ်နွေးနွေးဖြာကျနေတဲ့ နေရောင်ခြည်အောက်မှာ နေရတာသိပ်တော့လည်းမဆိုးလှပါဘူးလေ.....

နွေဦးရာသီဖြစ်တာကြောင့် လမ်းဘေးဝဲယာတစ်ဖက်စီမှာ ပန်းခင်းတွေကိုမြင်နေရတယ်...
သဘာဝအတိုင်း လှလှပပပွင့်လန်းနေတဲ့ ပန်းလေးတွေက တစ်မျိုးတော့လည်း စိတ်ကြည်နူးစရာပဲလေ.....

ဘေးကို ကြည့်တော့ ပန်းခင်းတွေကို
ငေးကြည့်နေတဲ့ ဂျောင်ဂုကိုတွေ့ရတယ်~ အတူတူခရီးသွားနေတဲ့ တစ်လျှောက်လုံး ဂျောင်ဂုက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်တာကြောင့် အများကြီးမဟုတ်ပေမယ့် ဒီကောင်လေးကိုသူနည်းနည်းတော့
သဘောကျတယ်...

သူကြည့်နေတုန်းမှာ ဂျောင်ဂုက သူ့ကိုလှည့်ကြည့်ပြီး ပြုံးပြလာတယ်....

"ရေသောက်ချင်လို့လား ဟင်..."

သူခေါင်းငြိမ့်ပြတော့ ရေဘူးထုတ်ပေးတယ်.....

"ရှေ့နားကျရင် ခဏလောက်နားမလား... ကိုကို..."

"နားကြမယ်လေ....."

မွန်းတည့်နေကိုရှောင်ဖို့အတွက် အရိပ်ရတဲ့သစ်ပင်ကြီးအောက်ကို ဝင်လာခဲ့ကြတယ်....

"ပင်ပန်းနေပြီလား ကိုကို~ထမင်းစားမလားဟင်...."

သူ့စကားကို ကိုကိုကခေါင်းခါပြတယ်...

"နည်းနည်းတော့စားလေ...တော်ကြာ ဗိုက်အောင့်နေမယ်...."

ကလေးလိုချော့ပြောနေတဲ့ ဂျောင်ဂုဟာ
သူမစားမချင်းပြောနေမယ့် ပုံရတာကြောင့်
ခေါင်းသာငြိမ့်ပြလိုက်တော့တယ်.....

Begin Again(Completed)Where stories live. Discover now