Section-1
"သခင်လေး ဂျောင်ဂုနိုးလာရင် စားဖို့တစ်ခုခုစီစဥ်ထားရမလား~အရှင်......"
Teskaကို ပြန်ရောက်ကတည်းက သခင်လေးဂျောင်ဂုနားမှာပဲနေနေတဲ့ အရှင့်ကို အာရုံလွှဲစေချင်တာကြောင့် ဟူဒူအကြံပေးလိုက်မိတယ်......
"ဟုတ်တယ်နော်~ဟူဒူ.....မင်းပြောတာမှန်တယ်......"
သူ့စကားကို အာရုံပြောင်းသွားတဲ့ သခင်ဟာ နည်းနည်းတော့လှုပ်လှုပ်ရှားရှားဖြစ်လာတယ်.......
"ကျွန်တော်နဲ့ ချင်စန်း ဒီအနီးနားက စားစရာတစ်ခုခုသွားရှာလိုက်မယ်လေ အရှင်...."
သူ့စကားကို အရှင်က စဥ်းစားဟန်ပြုပြီးခေါင်းငြိမ့်တယ်......
"အဝေးကြီးတော့မသွားနဲ့နော် ဟူဒူ~ချင်စန်းစကားကိုလည်းနားထောင်နော်...."
အရှင့်စကားကို ကြားတော့ ဘေးကချင်စန်းက ဆရာကြီးပုံစံနဲ့ ဟူဒူ့ကိုကြည့်တယ်.....
ဆရာကြီးပုံစံလာလုပ်နေတယ်....တကယ်က မြေခွေး ငတုံး....
"ကျွန်တော်တို့ မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့ပါ့မယ် အရှင်...."
ဟူဒူနဲ့ ချင်စန်းထွက်သွားတော့ ဂျီမင်းသက်ပြင်းချမိပြန်တယ်.....သူတို့Teskaပြန်ရောက်တာ ၁လလောက်ရှိနေပြီ....
ဂျီမင်းရဲ့ နှလုံးသွေးနဲ့ အနက်ရောင်ညလင်းပုလဲရဲ့ စွမ်းအားနှစ်ခုလုံးသုံးပြီး ဂျောင်ဂုကို ကုသပေးနေပေမယ့် အခုထိ သတိရမလာသေး.....
ပူပန်လာတဲ့စိတ်ကြောင့် ဂျောင်ဂု ရင်ဘတ်နားကိုကပ်ပြီးနှလုံးခုန်သံကိုနားထောင်လိုက်မိတယ်.....
တဒိတ်ဒိတ်ခုန်နေတဲ့ ဒီအသံလေးဟာ ဂျီမင်းရဲ့တစ်ခုတည်းသော စိတ်ချမ်းသာမှုလေး....ဘာပဲဖြစ်ဖြစ်ဂျောင်ဂုအသက်ရှင်နေသေးတယ်မဟုတ်လား.....
အခုနေများဂျောင်ဂု သတိရလာမယ်ဆိုရင်လို့တွေးမိရုံနဲ့ အရူးလိုမျိုးသူပြုံးမိပြန်တယ်....
နေဦး~ဂျောင်ဂု ပြန်သတိရလာရင် ပထမဆုံး သူ့ကိုဖက်ထားမှာပဲ....ရုတ်တရက် အတွေးပေါ်လာတာကြောင့် ကိုယ့်ကိုယ်ကိုယ်ကြည့်လိုက်တော့ ဒီနေ့ရေမချိုးရသေးတာကို သတိရတယ်....