Part - 12

1K 144 39
                                    

(Zawgyi)

"မယ်မယ့်မျက်နှာက မရွှင်မလန်းနဲ့ပါလား... ဘာလို့လဲ..?? မင်းကြီး မကြွချီလာလို့လား...??"

အနီးကပ်ပြုစုပေးနေကျ မောင်းမတော်တစ်ယောက်က မေးလိုက်တာကြောင့် မိဖုရားလည်း သက်ပြင်းဖွဖွချမိတယ်...။ ဟုတ်တယ် သူမ, မင်းကြီးကိုမျှော်နေမိတာ...။ အစတည်းက ကိုယ့်ဘက်ကနေ စချစ်ရသူမို့ သူ့မျက်နှာကိုမြင်တွေ့ရရင်ပဲ ပျော်ရွှင်ကျေနပ်နေမိတယ်လေ...။

"မင်းကြီးအလုပ်များနေတယ်ထင်ပါရဲ့... ဒါကြောင့်မယ်မယ့်ဆီ ရောက်မလာနိုင်တာနေမှာပါ"

"မဟုတ်ပါဘူး... မနက်က ကိုယ်ရံတော်တစ်ယောက်ပြောတာ ကြားမိတာတော့ မင်းကြီးနဲ့ စစ်သူကြီးနမ်ဂျွန်း တောလိုက်သွားတယ်တဲ့လေ"

မိဖုရားစိတ်ကျေနပ်အောင် ပြောလိုက်ပေမယ့်လည်း မိဖုရားက အကြောင်းစုံကိုသိနေပြီးသားမို့ မောင်းမငယ်လည်း အနေရခက်သွားတယ်...။ အရင်ကတော့ မင်းကြီးဟာ တစ်ပတ်နှစ်ခါလောက်တော့ မိဖုရားဆီလာတွေ့တတ်သူပါ...။ ထိုသို့လာတွေ့တိုင်းလည်း မိဖုရားကအရမ်းကို ပျော်ရွှင်နေခဲ့တာလေ...။ အခုတလော မင်းကြီးအလာကျဲသွားလေပြီ...။ တစ်ပတ်တစ်ခါတောင် ပုံမှန်မလာတော့ မိဖုရားလည်း လွမ်းနေပြီပေါ့...။

"မင်းကြီးလိုချင်တဲ့ရင်သွေးကလည်း အခုထိမရသေးဘူး.. ဆေးထပ်သောက်ရဦးမယ်ထင်တယ်... ဂျီနု ငါ့ကို သမားတော်ဆီ လိုက်ပို့ပေးပါလား"

နန်းဆောင်ထဲမှာလည်း နေရမှာပျင်းတဲ့အတူတူ သမားတော်ဆီသွားဖို့ မိဖုရားဆုံးဖြတ်လိုက်လေတယ်...။ မောင်းမတော်တွေကလည်း မိဖုရားအပြင်ထွက်ဖို့ စီစဉ်ပေးကြလေတယ်...။ နန်းတွင်းသမားတော်ကြီးရဲ့ အဆောင်ဆီရောက်တော့ သမားတော်ကြီးက ပျာပျာသလဲနဲ့ လာရောက်ကြိုဆို နှုတ်ခွန်းဆက်ရှာပါတယ်...

"မိဖုရားကြီးကို ဘာများကူညီပေးရမလဲ..??"

"သမားတော်ကြီး... ကျေးဇူးပြုပြီးမယ်မယ့်ကို ရင်သွေးရတနာရစေဖို့ ဆေးကောင်းလေးများ ပေးပါလား"

သမားတော်ကြီးလည်း အားဆေးမပေးခင်မှာ အရင်ဆုံးမိဖုရားရဲ့ လက်ကောက်ဝတ်သွေးကြောကို အသာစမ်းသပ်ကြည့်လိုက်တယ်...။ တဖြည်းဖြည်းနဲ့ သူ့မျက်နှာမကောင်းဖြစ်လာရင်း သက်ပြင်းဖွဖွချလိုက်တော့တယ်...။

👑 The Throne 👑 (Completed) Where stories live. Discover now