Part - 3

1.5K 228 47
                                    

(Zawgyi)

နမ်ဂျွန်း ခပ်လှမ်းလှမ်းမှာ သူ့လက်နက်တွေကို တိုက်ချွတ်ဆေးကြောနေတဲ့ ဟိုဆော့ကို လှမ်းကြည့်နေမိတယ်...။ အခုတိုက်ပွဲကလည်း ဟိုဆော့ရဲ့ ဦးဆောင်မှုကြောင့် အောင်မြင်လာခဲ့ပြီလေ...။

နောက်၂ရက်ဆိုရင် ဂျိုဆွန်းကိုပြန်ရောက်တော့မယ်...။ ဟိုဆော့ကိုလည်း အိမ်ရှေ့စံအဖြစ်တင်မြှောက်ပြီး သကျင်းမင်းသမီးနဲ့ လက်ဆက်ပေးတော့မှာ...။ အဲလိုသာဖြစ်လာခဲ့ရင် ဆော့ဂျင်တစ်ယောက် စိတ်နှလုံးကြေကွဲပြီး အိပ်ယာထဲဘုန်းဘုန်းလဲသွားလိမ့်မယ်...။

နမ်ဂျွန်းကတော့ သူတိတ်တခိုးစွဲလန်းနေရတဲ့ မင်းသားဆော့ဂျင်ကို အဲလိုမဖြစ်စေချင်...။ ဟိုဆော့က အရည်အချင်းတွေ ပြည့်စုံသာလွန်နေတာ မှန်ပေမယ့်လည်း ဆော့ဂျင်အတွက်သာဆိုရင် ဟိုဆော့ကိုလည်း စတေးပစ်ဖို့ သူဝန်မလေးပါ...။

အခုသူ့မှာ အမှားအမှန်ကို ခွဲခြားစဉ်းစားနေဖို့ အချိန်မရှိတော့...။ ဦးနှောက်အသိဉာဏ်ထက် နှလုံးသားရဲ့တောင်းဆိုမှုက သာလွန်သွားလေတော့ သူ့မျက်စိရှေ့က ဟိုဆော့ကို ရန်သူတစ်ယောက်လို မြင်လာခဲ့တယ်...။

နမ်ဂျွန်း စိတ်ကိုသေချာပိုင်းဖြတ်ပြီးဟန်ဖြင့် သူ့ရဲ့လက်စွဲတော်ဓားကို ခါးမှာပြန်ချိတ်လိုက်ပြီး ဟိုဆော့ရဲ့အနားသို့ လျှောက်သွားလိုက်တယ်...။ ခြေသံကြားတော့ ဟိုဆော့ကလည်း မော့ကြည့်လာပြီး နမ်ဂျွန်းကိုတွေ့တော့ နှစ်လိုဖွယ်ပြုံးပြပြန်တယ်...။ နမ်ဂျွန်းလည်း ဟန်ဆောင်ကာပြန်ပြုံးပြရင်း ဟိုဆော့ရဲ့ဘေးနားမှာ ထိုင်ချလိုက်တယ်....။

"တပ်သားတွေကို ဟင်းကောင်းကောင်းကျွေးချင်လို့ အမဲလိုက်ထွက်မလားလို့... တပ်မှူးကိုခွင့်ပြုချက်လာတောင်းတာ"

နမ်ဂျွန်းရဲ့စကားကြောင့် ဟိုဆော့မျက်နှာဝင်းလက်သွားတယ်...။ ငယ်ငယ်ကတည်းက ဟိုဆော့နဲ့ခင်မင်လာသူမို့ ဟိုဆော့အမဲလိုက်ဝါသနာပါတာကို နမ်ဂျွန်းကောင်းကောင်းသိတယ်လေ...။

"ဟာ... အဲ့ဒီအစီအစဉ်ကောင်းတယ်အစ်ကို...
ကျွန်တော်တို့အတူတူသွားရအောင်"

နမ်ဂျွန်းသွားမယ်ဆို ဟိုဆော့ကလည်း သေချာပေါက်လိုက်မယ်ဆိုတာကို မှန်းဆပြီးသားမို့ အခုအခြေအနေက နမ်ဂျွန်းရဲ့အစီအစဉ်ကို အောင်မြင်ဖို့ပံ့ပိုးပေးနေသလိုပင်...။

👑 The Throne 👑 (Completed) Onde histórias criam vida. Descubra agora