(Zawgyi)
စားပွဲပေါ်တင်ထားတဲ့စာကိုဖတ်ပြီးနောက် ဒေါသထွက်နေတဲ့ ဦးရီးတော်ကိုကြည့်ပြီး ဝမ်ချင်း (ခ) ယွန်းဂီ လန့်သွားခဲ့တယ်...။ သဘောကောင်းလှတဲ့ ဦးရီးတော်ကို ဒေါသထွက်နေတာ အခုတစ်ခါပဲ တွေ့ဖူးတာလေ...။
"ဝမ်လီ သိပ်မိုက်တဲ့ကောင်... သူ့ကိုစိတ်ချလက်ချ ထားခဲ့တာ ဂျိုဆွန်းသားနဲ့ လိုက်သွားဖို့မှမဟုတ်တာ"
"ဘာရယ်... အစ်ကိုတော်ကဂျိုဆွန်းပြည်သားနဲ့ ချစ်ကြိုက်နေတာလား..?? ရန်သူဖြစ်တဲ့အပြင် ယောကျာ်းလေးချင်း..."
ယွန်းဂီဆက်မပြောတော့ပဲ သူ့ပါးစပ်လေးသူ လက်နဲ့အုပ်ကာပိတ်လိုက်ရင်း အရမ်းအံ့ဩနေခဲ့တယ်...။ သူမျှော်လင့်ခဲ့တာက နှစ်ပေါင်းများစွာ ကွဲကွာခဲ့တဲ့ အစ်ကိုတော်ကို ပြန်တွေ့ရပြီး အချင်းချင်းပွေ့ဖက်ကာ မိတ်ဆက်ကြမယ်ပေါ့...။ အခုတော့ အစ်ကိုတော်က တိုင်းတပါးသားနဲ့ လိုက်သွားပြီလေ...။
"ပိုဆိုးတာက အဲဒီ့လူက မင်းမျိုးမင်းနွယ်တစ်ယောက်ပဲ"
ယွန်းဂီအံ့ဩပြီးရင်း အံ့ဩနေရတယ်...။ သူ့အစ်ကိုအဲ့လောက်ထိ အချစ်ကိုရူးရူးမိုက်မိုက် ကိုးကွယ်မယ်လို့ မထင်ထားခဲ့...။ ဦးရီးတော်ရဲ့ပြောစကားအရ ထယ်ယောင်းဆိုတဲ့ သူ့အစ်ကိုဟာ အရမ်းကို အေးဆေးတည်ငြိမ်တဲ့ သူတစ်ယောက်တဲ့လေ...။
"အဲ..အဲဒါဆို ဘယ်လိုလုပ်ကြမလဲ..?? အစ်ကိုတော်က မသိဘူးလား..?? ရန်ဘက်တွေဆိုတာကို"
ယွန်းဂီရဲ့အမေးအဆုံးမှာ ဦးရီးတော်ဆီကနေ သက်ပြင်းချသံသဲ့သဲ့ ကြားလိုက်ရတယ်...။
"ဦးရီးတော်အမှားပါ... သူက သူ့ကိုယ်သူတောင်မှ မင်မင်းဆက်ရဲ့ မင်းသားတစ်ပါးမှန်း မသိရှာဘူးလေ.. ဒါပေမယ့်သူက တရုတ်လူမျိုးတစ်ယောက်ဆိုတာတော့ သူ့ကိုယ်သူသိပါတယ်"
"အဲဒါဆို အစ်ကိုတော်အပြစ်လည်း သိပ်မပါဘူးပဲ.. သူမှမသိတာကို"
ယွန်းဂီက စဉ်းစဉ်းစားစားလေး ဝင်ပြောလိုက်တယ်..။ ဦးရီးတော်ကတော့ အတော်လေးစိတ်ညစ်နေပုံပါပဲ...။ ဘာဆက်လုပ်ရမှန်းမသိတော့ပဲ တစ်ခုခုကို အလေးအနက်ထားကာ စဉ်းစားနေလေတယ်...။

VOCÊ ESTÁ LENDO
👑 The Throne 👑 (Completed)
Ficção HistóricaI don't want to be a King. I want to be Real. Main OTP : Vhope Supporting OTP : Namjin & Yoonkook Burmese Language (Both Zawgyi & Unicode)