Part - 16

819 128 40
                                    

(Zawgyi)

"ကုန်သည်ကြီးကို ထွက်ပြေးလို့ရအောင် ကျွန်တော်စီစဉ်ပေးထားပြီးပြီ"

ဆေးလာကုရင်းပြောလိုက်တဲ့ ထယ်ယောင်းရဲ့စကားကြောင့် ကုန်သည်ကြီးခမျာ တအံ့တဩဖြစ်သွားရတယ်...။ ခုရက်ပိုင်းလည်း သူတိုက်တဲ့ဆေးတွေသောက်ပြီး သူပြောသလိုပဲ နေနေရတာပဲ...။

"ခဏနေရင်ဒီဓားကိုယူပြီး ကျွန်တော့်လည်ပင်းကိုထောက် အကြပ်ကိုင်ပြီးထွက်ပြေးပါ... အချုပ်ခန်းအပြင်ဘက်ရောက်တာနဲ့ မြောက်ဘက်စူးစူးကိုဆက်ပြေး..."

"ဖြစ်... ဖြစ်ပါ့မလား...??"

ကုန်သည်ကြီးက လျင်မြန်ဖျတ်လတ်လွန်းတဲ့ ရဲမက်တွေအကြောင်းကို ကောင်းကောင်းကြီးသိနေတော့ ကြောက်လန့်နေမိတယ်လေ...။ ပြန်မိသွားရင်ကတော့ အရင်ကထက် အခြေအနေပိုဆိုးမယ်ထင်တယ်...။

"ဘာမှမစိုးရိမ်နဲ့... တောအုပ်ထဲမှာ မြင်းတစ်ကောင်ကို အဆင်သင့်ထားပေးထားတယ်... မြင်းစီးပြီးလှေဆိပ်ကို အမြန်သာသွား... အဲဒီ့မှာကျွန်တော် လှေငှားပေးပြီးသား... အော် မေ့တော့မလို့... မြင်းပေါ်မှာ အဝတ်အစားအိတ်ပါတယ်... အဝတ်အစားတွေ တခါတည်းလဲလိုက်... လှေဆိပ်မှာတခြားလူတွေ မရိပ်မိအောင်ပေါ့"

ကုန်သည်ကြီးခုထိ ဘာစကားမှပြန်မပြောနိုင်သေးဘဲ ထယ်ယောင်းကိုသာ ငေးကြည့်နေမိတယ်...။ သူ့လက်ထဲသို့ အေးစက်စက်အရာတစ်ခု ရောက်လာတော့မှ ငုံ့ကြည့်လိုက်တော့ ငွေရောင်လက်နေတဲ့ ဓားတိုတစ်ချောင်း...။

"မင်းသား... ဒါက.. ဖြစ်ပါ့မလား..??"

"လုပ်မှာသာလုပ်ပါ... ကျွန်တော်တို့မှာ ဒီတစ်နည်းပဲ ရှိတော့တယ်"

ထယ်ယောင်းဘက်က အခိုင်အမာပြောနေတာကြောင့် ကုန်သည်ကြီးလည်း အချုပ်ခန်းအပြင်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်...။ အစောင့်တွေက သူတို့ဘာသာ စကားပြောနေကြရင်းနဲ့ ရယ်မောနေကြတယ်...။ ထယ်ယောင်းကို ပြန်ကြည့်လိုက်တော့ အခုလုပ်တော့လို့ ခပ်တိုးတိုးပြောကာ ခေါင်းညိတ်ပြနေလေတယ်...။ ကုန်သည်ကြီးလည်း တွေဝေမနေတော့ဘဲ ထယ်ယောင်းကို နောက်ကနေဆွဲချုပ်ကာ လည်ပင်းကိုဓားနဲ့ လှမ်းထောက်လိုက်တယ်...။

👑 The Throne 👑 (Completed) Où les histoires vivent. Découvrez maintenant