(Zawgyi)
"ကြင်ယာတော်ရောဟင်...??"
ဟိုဆော့ရဲ့အမေးကိုပြန်ဖြေမယ့်သူမရှိ...။ အားလုံးက မျက်လွှာချကာ အကြည့်လွှဲသွားသည်ချည်းသာ...။ ဘယ်လိုမေးမေး ရေငုံနှုတ်ပိတ်နေကြတာကြောင့် ဟိုဆော့ အားမလိုအားမရဖြစ်လာမိတယ်...။ ခရီးကနေပြန်ရောက်လာတော့ သူ့မျက်နှာလေးကို အမောပြေကြည့်ချင်တာလေ...။
နန်းဆောင်ထဲဝင်သွားတော့လည်း အခိုင်းအစေတွေအားလုံးက ဟိုဆော့ကိုတွေ့တာနဲ့ မျက်စိမျက်နှာပျက်နေကြလေပြီ...။ ဟိုဆော့ရဲ့စိုးရိမ်မှုက ပိုမိုမြင့်တက်လာလေပြီ်...။ ထယ်လေး တခုခုများဖြစ်နေတာလား...??
"မင်းကြီးကြွချီလာပါပြီ"
အပြင်က အသံတွေကြောင့် ဟိုဆော့ နန်းဆောင်တွင်းကနေ ပြန်ပြေးထွက်လာရတယ်...။ အမှန်ဆိုပြန်ရောက်တာနဲ့ မင်းကြီးကိုအရင်သံတော်ဦးတင်သင့်တာ...။ ထယ်ယောင်းကိုစိုးရိမ်စိတ်ကြောင့် တာဝန်ဝတ္တရားတွေပျက်ကွက်မိပြီး နန်းဆောင်ကိုသာ အပြေးလာမိတာပါ...။
"ပြန်ရောက်ရောက်ချင်း လာမနှုတ်ဆက်မိတာ တောင်းပန်ပါတယ်မင်းကြီး"
အရိုအသေပြုကာပြောနေတဲ့ ဟိုဆော့ကို ဆော့ဂျင်က နားလည်သလိုပြုံးပြလိုက်ရင်း ဒူးထောက်ထားရာကနေ ပြန်ထစေလိုက်တယ်...။ ခုထက်ထိစစ်ဝတ်တန်ဆာတွေတောင် မချွတ်ရသေးတဲ့ ဟိုဆော့က ပြန်ရောက်လာတာနဲ့ သူ့ချစ်သူထယ်ယောင်းကို အသည်းအသန်ရှာနေမယ်ဆိုတာ ရိပ်မိပြီးသားပါ...။
"ဟိုလေ.. ထယ်လေးကို မတွေ့မိဘူးလားဟင်..??"
ဘယ်သူ့ကိုမှမေးမရတဲ့အဆုံး ဟိုဆော့လည်း အရဲစွန့်ပြီး ဆော့ဂျင်ကိုသာမေးလိုက်တယ်...။ အမှန်ဆို တိုင်းရေးပြည်ရာကိစ္စတွေနဲ့ အလုပ်ရှုပ်နေမယ့်မင်းကြီးက ထယ်ယောင်းဘယ်မှာလဲဆိုတာကို သိမှာတဲ့လားလို့ ပြန်တွေးမိလိုက်သေးတယ်...။
ဒါပေမယ့်လည်း သိသိသာသာမျက်နှာပျက်သွားတဲ့ ဆော့ဂျင်ရဲ့ဘေးမှာ ကပ်ပါလာတဲ့ ဂျီမင်ကြောင့် ဟိုဆော့စိတ်ထဲတမျိုးဖြစ်သွားတယ်...။ နေပါဦး... ဂျောင်ကုကိုလည်း မတွေ့ရသေးဘူးပဲ...။ တကယ်ဆို ထယ်ယောင်းကို ဂျောင်ကုလက်ထဲ သူကိုယ်တိုင်အပ်ခဲ့တာပါ...။
ESTÁS LEYENDO
👑 The Throne 👑 (Completed)
Ficción históricaI don't want to be a King. I want to be Real. Main OTP : Vhope Supporting OTP : Namjin & Yoonkook Burmese Language (Both Zawgyi & Unicode)