(Zawgyi)
"ကြင်ယာတော်က ကလေးရဖို့အတွက် ဆေးဝါးတွေပေးလိုက်တယ်"
"ဟုတ်လား... စမ်းသောက်ကြည့်ပေါ့"
အေးတိအေးစက်နဲ့ပြန်ဖြေတဲ့မင်းကြီးကို မိဖုရားဘယ်လိုမှ နားမလည်နိုင်တော့ပေ...။ နန်းဆက်ရတနာက အရေးကြီးတာကို သူမသိလေရော့သလား...။ ပြီးတော့ အခုလည်းအချိန်အတော်ကြာပြီးမှ မိဖုရားအဆောင်ကို ကြွချီလာပေမယ့်လည်း အဖန်ရည်သောက်ရုံကလွဲပြီး မိဖုရားအပေါ်မှာ ကြင်နာဂရုစိုက်မှုလေး နည်းနည်းလေးတောင်မှမပေး...။
"မင်းကြီးဒီည ကျွန်တော်မျိုးမရဲ့နန်းဆောင်မှာပဲ အိပ်စက်မှာလားဟင်...??"
မိဖုရားလည်း မနေနိုင်တဲ့အဆုံး မဝံ့မရဲနဲ့ပင် မေးလိုက်ရတော့တယ်...။ ဒါပေမယ့်လည်း မင်းကြီးရဲ့အဖြေစကားကြောင့် စိတ်ဓာတ်အကြီးအကျယ် ကျသွားတော့တယ်...။
"ငါကိုယ်တော်မှာ အလုပ်တွေရှိသေးတယ်... အခုက မိဖုရားကိုနေထိုင်ကောင်းမကောင်း လာကြည့်ရုံပါ... နောက်မှပဲ အေးဆေးထပ်လာတော့မယ်"
ပြောပြီးပြီးချင်းထပြန်ဖို့ပြင်တဲ့မင်းကြီးကို တားဆီးဖို့ရာ မိဖုရားမှာအခွင့်မသာပေ...။ ဝေါယာဉ်ပေါ်တက်သွားတဲ့မင်းကြီးကို ဝေါယာဉ်ဘေးမှာကပ်လိုက်ကာ စောင့်ရှောက်ပေးနေတဲ့ စစ်သူကြီးနမ်ဂျွန်းကတော့ မိဖုရားကိုဂရုဏာသက်စွာနဲ့သာ ငေးကြည့်နေလေတယ်...။
တခြားသူတစ်ယောက်ဆီကနေ ထိုကဲ့သို့သော သနားစရာအကြည့်တွေ ရလိုက်ရတဲ့အတွက် မိဖုရားစိတ်ထဲပိုမိုခံပြင်းမိတယ်...။ မင်းကြီးရဲ့လျစ်လျူရှူမှုတွေက တနေ့တခြားပိုဆိုးရွားလာတယ်...။ ကလေးရဖို့က ဆေးသောက်ရုံနဲ့မရတာကို မင်းကြီးသိရက်နဲ့ မသိချင်ယောင်ဆောင်နေတာလား...။ ဒါမှမဟုတ်သူ့ဆီမှာ ပိုချစ်ရမယ့်ကိုယ်လုပ်တော်များ ရှိနေလေပြီလား...။
စဉ်းစားရင်းနဲ့ကို စိုးရိမ်စိတ်တွေက ပိုတိုးလာရတယ်...။ တိုင်းတပါးမှာ မိသားစုနဲ့ခွဲပြီး လာနေရတဲ့သူမ,အတွက် မင်းကြီးတစ်ယောက်တည်းသည်သာ အားကိုးရာပါ...။ ပြီးတော့သူမ,ကစပြီး မင်းကြီးကိုချစ်ခဲ့ရသူလေ...။ မင်းကြီးကတော့ မိဖုရားအဖြစ်သင့်တော်သူမို့ တော်ကောက်လိုက်ရုံသာ သဘောပိုက်ထားခဲ့သလားမသိ...။

ESTÁS LEYENDO
👑 The Throne 👑 (Completed)
Ficción históricaI don't want to be a King. I want to be Real. Main OTP : Vhope Supporting OTP : Namjin & Yoonkook Burmese Language (Both Zawgyi & Unicode)