ထိုဂိမ်းနှစ်ခုစလုံးက အမေရိကန် ... ဥရောပနှင့်တရုတ်နိုင်ငံ ဈေးကွက်များထဲသို့ ဝင်ရောက်ထိုးဖောက်လာ၏။ ရီအုပ်စုသည် အနောက်နိုင်ငံများတွင် အာရုံစူးစိုက်မှုရထားပြီးသားဖြစ်သည် ... တရုတ်တွင်လည်း သူတို့သည် ထွေထွေထူးထူး ပရိုမိုရှင်းဆင်းစရာ လိုမနေပေ၊ ဤသို့ဖြစ်ရသည်မှာ သရုပ်ပြဗားရှင်း(ဗားရှင်းအသေး) ထွက်လျင်ထွက်ခြင်း ... တစ်နေ့ထဲနက် နှစ်သောင်းကျော်သော လူတို့ ချက်ချင်းပင် ဒေါင်းလုဒ်ဆွဲကြခြင်းကြောင့် ဖြစ်၏။
ကစားသမားတို့သည် လတစ်ဝက်ခန့်မျှ ဗားရှင်းအသေးဖြင့် ဆော့ကစားပြီးနောက်တွင်တော့ ... သူတို့၏ ယောကျ်ားလေးပရိသတ်တို့သည် ရူးရူးမူးမူး စွဲလမ်းခြင်းအဆင့်သို့ ရောက်ရှိလာကြ၏။ ဂိမ်းရဲ့သတင်းအချက်အလက် အကြောင်းအရာပေါင်းစုံတို့ကို ကျယ်ကျယ်ပြန့်ပြန့် သိနားလည်စေရန် ပြုလုပ်ထားသည့် ဂိမ်းဖိုရမ်(ဂိမ်း page) အကြီး၊ အငယ်ပေါင်းစုံတို့တွင် အမျိုးအမျိုးသော ချီးမွမ်းခန်းဖွင့်မှုများဖြင့် ပြည့်နှက်နေပေသည်။
"ငါလေ ... နမူနာ ကြည့်ပြီးပြီချင်းပဲ ဒေါင်းလိုက်တယ်. ကြည့်ပြီး အတွေးပေါက်သွားတာက ... ဒါတကယ် ဂိမ်းနမူနာလား ... အနောက်တိုင်းက ဒေါ်လာသမားတွေရဲ့ လူကြိုက်များတဲ့ ဇာတ်ကားတွေ မဟုတ်ဖူးလားပေါ့? အဖက်(effect) တွေက ဆိုး ... အမေးဇင်းပါပဲ! အဲ့တာနဲ့ ငါလဲ နမူနာနဲ့ တကယ့်ဂိမ်းကြား မတူတာတွေများ ရှိမလား သိချင်ဇောနဲ့ သွားဒေါင်းလိုက်တယ်. ဒါပေမယ့် အခုတော့ ဒီဂိမ်းတွေ အပေါ် ငါ့အမြင်မှာ သုံးခုပဲရှိတော့တယ် — ရူးလောက်စရာပဲ ... သောက်ရမ်းမိုက်တယ် ... စွဲနေပြီလို့!"
"ဒီကမ္ဘာက အသက်ရှိတယ်! ဘုရားစူး ... အဓိကဂိုဏ်းတိုင်းလိုလိုရဲ့ *[၁]NPC တွေတင်မဟုတ် ... ကြောက်စရာ *[၂]Boss တွေတောင် အသက်ရှိနေသလို ခံစားရတယ် ... ဓားမြက်တွေတောင်မှ အစစ်အတိုင်းပဲ. ဒါကြီးက ဂိမ်းမဟုတ်တော့ဖူး ... တကယ့်ကမ္ဘာ့တစ်ခုပဲ"
"ငါ Lianqi ချီအဆင့် ရောက်နေဖီ ... ငါ့ *[၃]dantian တကယ်ကြီး ပူလာသလိုဖဲ!"
"ငါလည်း ငါ့စီနီယာ NPC အစ်ကိုတစ်ယောက် မိုးကြိုးစမ်းသပ်မှုခံပြီး Jindan ချီအဆင့်ရောက်သွားတာကို မြင်လိုက်ရတယ် ... အဲ့မိုးကြိုးတွေက တကယ့်ကို အစစ်ကြီးကျနေတာပဲ ... အခု ငါ့အကြောတွေ ရပ်တန့်သွားဖီ. ဒီဂိမ်းကို ဖန်တီးတဲ့သူတွေက စူပါမန်းလို အရည်အချင်းတွေနဲ့နေမှာ ... တစ်ကမ္ဘာလုံးမှာတောင် ဒါကို ယှဉ်နိုင်တဲ့ တခြားဂိမ်းရှိတော့မှာ မဟုတ်ဘူး!"

YOU ARE READING
ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)
AdventureOriginal Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations ကျိူးယွင်ရှန့်ဆိုတာသိပ္ပံခေတ်ကhackerတစ်ယောက်။သူက ဘဝရာထောင်ချီဗီလိန်အဖြစ်ပြန်လည်မွေးဖွားဖို့ Lord Godရဲ့ရွေးချယ်ချင်းကိ...