Chapter - 13.8.2

4.1K 481 5
                                    

လုပ်ငန်းရှင်တွေသာစီးနိုင်သည့် ကားတစ်စီးက ပင်မတရားရုံးရှေ့ ဂိတ်ပေါက်ဝသို့ ဆိုက်ရောက်လာလေ၏၊ ကားထဲမှ လူနှစ်ယောက်ဆင်းလာပြီး တရားရုံးထဲ ဝင်သွားလေသည် ... ကျိူ းမားမားကတော့ အေးအေးသက်သာအမူအယာဖြင့် mask အုပ်ထားသည့် မိန်းကလေးတစ်ယောက်အား လက်တွဲ၍ သူတို့နောက်မှပါလာ၏။ ရုံးရှေ့တွင် သတင်းထောက်များ ထိုင်၍ကြည့်နေကြသည်ကိုတွေတော့ သူတို့်ကို ခေါင်းသာသာညိတ်ပြီးတောင် နှုတ်ဆတ်သေးပါ၏။

သတင်းထောက်တွေက အင်တာဗျူ းရလို့အငှါ သူတို့နားပြေးကပ်ဖို့ ကြိုးစားကြသော်လည်း ... များမကြာမီမှာပင် ကိုယ်ရံတော်များ ရောက်လာပြီး သူတို့ကို ပြန်တွန်းထုတ်ကြတော့၊ ထိုအဖွဲ့တရားရုံးထဲ ဝင်သွားသည်ကို ထိုင်ကြည့်နေရုံမှအလွဲ မရှိတော့ပေ။ ဒီနေ့က ဖန်းကျစ်ဖေးရဲ့ အမှုကို စစ်ဆေးမည့်နေ့ဖြစ်၏။

ဖန်းခွန်းဖိန်နဲ့သူ့မယားငယ်တို့က ထိုင်ခုံဘယ်ဘက်ခြမ်း၌ ထိုင်လျက် ... လက်များကိုဆုပ်ကိုင်၍ ... သူတို့နဖူးဖြင့် ဖိကပ်ထားကာ နှုတ်မှတတွတ်တွတ်ရွတ်ဆိုနေကြသည်၊ သူတို့က ဆုတောင်းနေသည့်ပုံပါပင်။ ကျိူ းမားမားက ခုံတန်းရဲ့ဘယ်ဘက်ခြမ်းထိ လျှောက်သွားပြီးနောက် အဲ့မှာနေရာယူလိုက်သည် ... ထို့နောက် ခပ်ထေ့ထေ့ပြုံးပြီး ... "ဆုတောင်းနေလဲ အပိုပါဘဲ ... ဖန်းကျစ်ဖေးရဲ့အပြစ်တွေနားထောင်ပြီး ဘုရားသခင်ရဲ့ နားတွေတောင် ညစ်နွမ်းသွားအုံးမယ်"

"ရှင် တရားလွန်နေပြီနော်!" မယားငယ်သည် မျက်ရည်များ တရဟောထွက်ကျလာတော့၏။

ဖန်းခွန်းဖိန်သည် ကြက်မကြီးမှ ကာကွယ်အုပ်ထားသလို သူမအားဖက်ထားပေးလေသည်၊ အဲ့ဒီနောက်သူသည် ကျိူ းယွင်ရှန့်ရဲ့ ပျင်းတိပျင်းရွဲ့ အမူအရာအား ခပ်စူးစူးကြည့်၍ အသံမာမာဖြင့် ပြောလေ၏။ "ဖန်းကျစ်ဖေးက ငါကိုပြောတယ် ... အဲ့အသံဖိုင်က မင်းငှါးထားတဲ့ ဟက်ကာက ဖန်တီးထားတဲ့ဟာတဲ့ ... အဲ့တာလိမ်ဆင်ကြီး ... ရဲတွေ ဘယ်လုံးမှ စုံစမ်းလို့မရအောင် လုပ်ထားတာတဲ့. ငါ ရဲကို ဒီအကြောင်း ပြောလိုက်တာနက် သူလွတ်မှာပဲ!"

"ဟုတ်ပြီလေ ... အဲ့တာဆိုလည်း သူ အပြစ်မရှိကြောင်း အမိန့်ချ ပြီး လွတ်လာမှ ကျနော်တို့ ဆက်ပြောကြတာပေါ့" ကျိူ းယွင်ရှန့်သည် ဖန်းခွန်းဖိန်ဘက်သို့ လျှောက်သွားပြီး ... ဂရုဏာသက်စွာကြည့်လျက် ... ဤသို့ ပီပီသသ/ပြတ်ပြတ်သားသားကြီး ဆိုလေသည်။ "တကယ်တော့လေ ... ဖန်းကျစ်ဖေးက ဘယ်လိုလူစားမျိုးဆိုတာ သူများတွေထက် ခင်ဗျားက ပိုသိပါတယ်. သူ မုန့်ဝမ်နဲ့ကျနော့်ကို ထောင်ဖမ်းတာတွေကအစ ... သူဘာတွေလုပ်နေမှန်း ခင်ဗျားသိနေသားပဲကို ... အဲ့တာမို့ ကျနော်လွတ်လာတုန်းကတောင် ခင်ဗျား အရမ်းလန့်သွားသေးတယ်လေ. ဖန်းကျစ်ဖေးကမှ ခင်ဗျားတစ်ဦးတည်းသော သားလေးလေ ... ခင်ဗျား ကျနော့ကိုဆို ဂရုစိုက်ဖို့ နေနေသာသာ ... ကျနော့်မြင်တိုင်း ရွံရှာနေသေးတာ. ဒါပေမယ့်လေ ... ကျနော် ခင်ဗျားကို ကျေးဇူးတော့ တင်မိသား"

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Место, где живут истории. Откройте их для себя