Part ( 1 )

2.6K 108 3
                                    

Zawgyi ver...

မိုးများ သည်းထန်စွာ ရွာသွန်းနေပေမဲ့လဲ ပန်းခြံက ခုံမှာထိုင်နေတဲ့ ကောင်မလေး တစ်ယောက်ကတော့ ထဖို့စိတ်ကူးမရှိသလိုပင် ထိုင်နေသည် ...

" ဘာလို့လဲ .."

သူမ ချစ်သူက ဒီနေ့လို သူမတို့ရဲ့ ၁နှစ်ပြည့်တဲ့ရက် မှာ တစ်ခြား ကောင်မလေးတစ်ယောက်နဲ့အတူ လည်ပတ်နေသတဲ့လား.. Hk သူမ ဒီလောက် ချစ်ပေးခဲ့တာကို သူက တစ်ခြားကောင်မလေး တစ်ယောက်နဲ့  ပျော်ပါးနေသတဲ့လား..

သူမ  နာကျင်လွန်းလို့ မိုးရေစက်တွေနဲ့အတူ မျက်ရည်တို့ကို လွတ်လပ်ခွင့်ပေးနေလိုက်သည်..
ရုတ်တရက် သူမကိုယ်ပေါ် ကျနေသော မိုးစက်တို့ ရပ်သွားတာကြောင့်  မော့ကြည့်လိုက်တော့ သူမနဲ့ ကျောင်းယူနီဖောင်း တူသော ကောင်မလေးကို တွေ့လိုက်ရသည်...

" ရော့.. ယူထား "

သူမကို ထီးထိုးပေးပြီး ကျောပိုးအိတ်ကို ခေါင်းပေါ်တင်ကာ ပြေးထွက်သွားသော ထိုကောင်မလေးရဲ့ ကျောပြင်ကိုကြည့်ကာ သူမနှုတ်ခမ်းက ခဏမျှ တီးတိုးရေရွတ်လိုက်မိသည်က..

" Yoo Jeongyeon "

နောက်တော့ သူပေးသွားတဲ့ ထီးကိုပိတ်လိုက်ပြီး လက်ထဲဆုပ်ကိုင်ကာ အိမ်သို့ပြန်လာခဲ့သည်.. ဆောင်းနေလဲ မိုးကသူမတစ်ကိုယ်လုံး စိုရွှဲနေပြီမလား..

" မိုးမိလာပြန်ပြီ Omma အမြဲပြောတာကို နားမထောင်ဘူး သွား အဝတ်သွားလှဲ.."

Omma ရဲ့ စိုးရိမ်တစ်ဝက် ဆူမှုတစ်ဝက် စကားကြောင့် Nayeon ပြုံးမိကာ Omma ကိုနမ်းလိုက်ပြီး သူမအခန်းဆီ ပြေးဝင်လာခဲ့သည်..

သူက ဘာမို့ ကြေကွဲနေရမှာလဲ.. ခဏသာ shock ရသွားတယ် ဆိုတာတောင် သူမ မုန်းသည်.. သစ္စာမရှိတဲ့သူကို သူမ အမုန်းဆုံး..

လက်ထဲကထီးကို သေချာပြန်ကြည့်လိုက်မိတော့ ထီးလက်ကိုင်နားမှာ JY ဆိုတဲ့ စကားလုံးကို တွေ့လိုက်သည်... Jeongyeon သူက သူမနဲ့တစ်တန်းတည်းပေမဲ့ အခန်းကွဲတာကြောင့် မျက်နှာချင်းတော့ တစ်ခါမှ မဆိုင်ခဲ့ဖူးပါ..သူက ကျောင်းမှာကျော်ကြားတဲ့သူ တစ်ယောက်.. ကျော်ကြားဆို သူမတို့နိုင်ငံရဲ့ နံပါတ်၁ လုပ်ငန်းစုရဲ့ အမွေဆက်ခံသူတစ်ယောက်ကိုး..

Our Story [ Zawgyi + Unicode ]Where stories live. Discover now