Zawgyi ver..
" Unnie.. Hyun ပြန်ရောက်ပြီ "
Dahyun ညီအစ်မနှစ်ယောက်နေတဲ့ တိုက်ခန်းလေးထဲဝင်ရင်း အော်ကာပြောလိုက်သည်..
" Aww.. မီးဖိုထဲလာခဲ့ "
Dahyun ကိုကျောပေးကာ ချက်ပြုတ်နေသော Nayeon ဘေးနားသွားကာ ဘာချက်နေသလဲဆိုတာ ကြည့်မိတော့..
" ခေါက်ဆွဲပြုတ်? "
" အင်းလေ.. ကောင်းကောင်းလေးချက်ကျွေးမလို့ပဲ လုပ်ရင်းပျက်သွားတော့ ခေါက်ဆွဲပြုတ်ပဲ စားလိုက်တော့ နော်.."
Dahyun ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည်.. အနည်းဆုံးတော့ သူညစာကိုခေါက်ဆွဲပြုတ်တော့ စားရသေးသည်မဟုတ်လား..
" နောက်နှစ်လလောက်နေရင် Jeongyeon Unnie ပြန်လာမှာဆို.. "
Dahyun သူမပြုတ်ပေးသော ခေါက်ဆွဲပြုတ်ကို စားနေရင်း မေးလာတော့..
" အင်း..Jihyo ပြောတာပဲ "
" Unnie ဘာလို့ Jeong Unnie စာတွေကို Reply မပြန်တာလဲ.. "
" ဒီလိုပါပဲ.."
Nayeon ပြုံးပြကာ မရေမရာသော အဖြေပေးလိုက်တော့ Dahyun ကမျက်မှောင်ကြုတ်ပြီး ကြည့်လာသည်..
" ဘာလဲ..စားစရာရှိတာစား.. "
Dahyun ဘာမှပြန်မပြောတော့ပဲ ခေါက်ဆွဲပြုတ်ကိုသာ အာရုံစိုက်ကာ စားနေလိုက်သည်..
တင်း..တောင်
Nayeon bell သံကြောင့် စားနေရာကနေထကာ တံခါးသွားဖွင့်လိုက်သည်..
" ဟီး..Unnie "
" Tzuyu.. ဘာကိစ္စရှိလို့လဲ "
" Dahyun ဆီလာတာ..."
ပြောပြီးတာနဲ့ ဝင်လာကာ မီးဖိုဘက်သွားသည်..
" Ya! လောရှည် ဘာလုပ်တာလဲ.."
Nayeon မီးဖိုဖက်လျှောက်လာရင်း Dahyun ရဲ့အော်သံကိုကြားလိုက်ရတော့ ပြုံးမိသည်.. ထုံးစံအတိုင်း Tzuyu နဲ့ရန်ဖြစ်ပြန်ပြီထင်တယ်..
" အာကွာ.. ငါ့ခေါက်ဆွဲကို နင်စားချင်ရင်ပြောလေ ငါပြုတ်ပေးမယ်.."
" နင်စားတာပဲငါစားချင်တာ မရဘူး.."
Dahyun သူမရဲ့ခေါက်ဆွဲပန်းကန်ကို ဆွဲယူကာစားနေသော Tzuyuကိုကြည့်ကာ မျက်စောင်းချည်း လှိမ့်ထိုးနေလိုက်သည်..