Part ( 11 )

612 49 3
                                    

Zawgyi ver...

" Appa... Hyun ကို Unnie နဲ့တွေ့ခွင့်ပေးပါ.. "

" Appa! "

အိမ်ရှေ့တွင် အော်ဟစ်ကာပြောနေပေမဲ့ Dahyun ကို ဘယ်သူမှထွက်မတွေ့ကြ..

" Kim Dahyun! မင်းပြန်တော့.. "

Dahyun အိမ်ထဲမှထွက်လာသော Nayeon's Omma ကြောင့် အားတက်သွားပေမဲ့ ပြောလာတဲ့စကားကြောင့် သူစိတ်ဓာတ်ကျသွားရသည်..

" အန်တီ.. Hyun Unnie နဲ့တွေ့ပါရစေနော်.. "

" Kim Dahyun.. မင်းကငါ့ဘဝကို ဖျက်ဆီးလို့မဝသေးလို့ ငါ့သမီးဘဝကိုပါ ဖျက်ဆီးမလို့လား "

Unnie's Omma ဆီကစကားကြောင့် Dahyun ခြံတံခါးကိုကိုင်ထားရာမှ လွှတ်လိုက်ပြီး...

" အန်တီ ဘာကြောင့် chaw ကို အန်တီ့ဘဝကို ဖျက်ဆီးခဲ့ပါတယ်လို့ ပြောနေရတာလဲ? "

" မင်း Omma က ငါ့ယောက်ျားကို မင်းကြောင့်ဆိုပြီးအတင်း လက်ထပ်ခိုင်းခဲ့တာလေ.. "

မှားနေပြီ..

" မဟုတ်.. "

" Kim Dahyun! မင်းငါ့အိမ်ကိုလာရဲသေးတာလား "

Na Young ထွက်လာတာကြောင့် Dahyun လက်သီးဆုပ်ကာ..

" Appa က အရမ်းတစ်ကိုယ်ကောင်းဆန်တာပဲ.. Omma က.. "

" Honey.. သမီးလေးကို သွားကြည့်လိုက်ပါဦး... "

Dahyun စကားကိုဖြတ်လိုက်ပြီး အန်တီ့ကိုထွက်သွားခိုင်းသည်.. Hk.. Appa က အန်တီ့ကိုတော့ အမှန်တိုင်းမသိစေချင်ဘူးပဲ..

" မင်း ဘာဖြစ်ချင်နေတာလဲ.. မင်းအမေရဲ့ အမွေကိုလိုချင်တာလား ငါပေးမယ်.. ငါ့မိသားစုကို လာမနှောင့်ယှက်နဲ့ "

" ဟား..ဟား..ဟား... "

အိမ်ဘက်ထွက်သွားတဲ့ အန်တီရဲ့ကျောပြင်ဟာတော်တော်ဝေးဝေး ရောက်မှ သူ့ကိုအံကြိတ်ကာ ပြောလာသော Appa ကြောင့် အားပါးတရရယ်မိသည်..

" Omma ရဲ့အမွေကို chaw မမက်ဘူး.. Appa သာလိုချင်နေခဲ့တာ.. ပြီးတော့ မိသားစု hk.. တော်တော်ရယ်စရာ ကောင်းတာနော် Appa.. Kim Dahyun ဆိုတဲ့ chaw ကရော Appa သမီးမဟုတ်ဘူးလား.. Omma နဲ့လက်ထပ်ပြီးတာကို အဝေးထွက်သွားပြီး Unnie ရဲ့ Omma နဲ့လက်ထပ်တယ်  ပြန်ရောက်လာတော့ Omma ကကွာရှင်းပေးတာကို Appa ကိုယ်တိုင်ပဲငြင်းဆိုပြီး Omma နဲ့ဆက်နေခဲ့တာလေ .. ဘယ်လိုလုပ် Omma နဲ့ chaw ရဲ့အပြစ်ဖြစ်သွားတာလဲ.. "

Our Story [ Zawgyi + Unicode ]Where stories live. Discover now