ထင်မြင်ချက်လေးတွေရေးသွားပေးကြပါလား.. ရေးရင်းအဆက်အစပ်မရှိ မကောင်းနေရင် ကိုယ့်ဘက်ကပြန်ပြင်လို့ရအောင် please..
ထင်မြင်ချက်လေးတွေရေးသွားပေးကြပါလား.. ရေးရင်းအဆက်အစပ်မရှိ မကောင်းနေရင် ကိုယ့်ဘက်ကပြန်ပြင်လိ့ုရအောင် please..
Zawgyi ver..
အိမ်ပြန်လာကတည်းက ငေးတိငေးငိုင် မျက်နှာမကောင်းသော Dahyun ကို Nayeon သတိထားမိသည်..
" နေမကောင်းဘူးလား? Dahyun "
" အမ်.. မဟုတ်ပါဘူး ဒီတိုင်းတွေးမိသွားလို့ "
Nayeon သူဘာအကြောင်းတွေးမိသလဲ မပြောပေမဲ့ သူမ သိပါသည် .. ဒီလိုငေးငိုင်တဲ့ထိဖြစ်လာရင် Momo ကိုသတိရနေတာ ဖြစ်သည်..
" Unnie .. Momo Unnie ပြန်လာပြီ.. "
Nayeon game ဆော့နေရာမှ ရပ်လိုက်ပြီး သူ့ကိုကြည့်လိုက်မိသည်
" ဟုတ်လို့လား.. "
" အွန်း.. Hyun တို့အလုပ်မှာပဲ ပြန်ရောက်တာတော့ကြာပြီ ဒါပေမဲ့ နေ့လည်ကမှ Jihyo Unnie ခေါ်လို့သိတာ "
Dahyun နေ့လည်ကအကြောင်း စဉ်းစားမိသည်နှင့် ဝမ်းနည်းမှုတွေက တိုးဝင်လာသည်... သူ့ရဲ့နာမည်ကိုတောင် မခေါ်လာသလို သူ့ကိုလဲကြည့်မလာခဲ့ဘူး.. အင်းပေါ့ နှစ်တွေကြာခဲ့ပြီပဲ.. သူကသာတစ်ရက်မှမမေ့ခဲ့တာ သူမကတော့ သူ့ကိုမေ့သွားလောက်ရောပေါ့ hk..
" ဘာမှမပြောဖြစ်ကြဘူးလား "
" ဘာပြောစရာများရှိနေလို့လဲ.. Hyun တို့က သက်မှမသက်ဆိုင်တော့ပဲလေ "
Nayeon မျက်နှာမကောင်းသော Dahyun ကိုဆက်မမေးတော့ပါ.. Dahyun ဘယ်လောက်ခံစားခဲ့ရလဲ ဆိုတာသူမ အသိပဲမဟုတ်လား..
================================
" Jihyo ya.. သူအဆင်ပြေပါ့မလား.. "
" ပြေမှာပါ.. မငိုနဲ့တော့.. နင်မနက်ဖြန် Nayeon တို့ကိုသွားတွေ့သင့်တယ် "
" ငါ.. "
" အဆင်ပြေသွားမှာပါ.. နင် Dahyun ကိုမျက်နှာချင်းမဆိုင်နိုင်တာနဲ့ Nayeon တို့ကိုပါ မျက်နှာချင်းမဆိုင်တာတော့ မလုပ်နဲ့.. သူတို့ကနင်ပြန်လာဖို့ကို မျှော်နေခဲ့ကြတာ.. "