Zawgyi ver. .
Jihyo နေ့လည်စာ စားပြီးကတည်းက ပျောက်သွားသော Jeongyeon ကို လိုက်ရှာနေသည်..
" ဒီ Yoo Jeongyeon ဘယ်ရောက်သွားတာလဲ.. တကယ်ပါပဲ.. "
Jihyo ပါးစပ်က တီးတိုးပြောနေရင်း ကျောင်းဆောင် အပေါ်ထပ်ဆီ တက်နေစဉ် အပေါ်ကဆင်းလာတဲ့ ကျောင်းသူတစ်ယောက်နဲ့ ဝင်တိုက်မိသည်..
" အ! "
" ရလား.."
ဖင်ထိုင်ရက် ကျသွားသော အသားဖြူဖြူကောင်မလေး ကိုဆွဲထူပြီး မေးလိုက်တော့ ဘာမှပြန်မပြောပဲ ခေါင်းငြိမ့်ပြကာ အလျင်အမြန်ပြေးထွက် သွားပြန်သည်..
" ကျစ်.. ဒီနေ့မှ ဘာတွေဖြစ်နေမှန်းကို မသိပါဘူး.. "
Jihyo ဆက်သွားဖို့ရန် ခြေလှမ်းရုံရှိသေး အပေါ်ကနေဆင်းလာတဲ့ Nayeon နဲ့ Jeongyeon ကို တွေ့လိုက်ရသည်.. ရယ်မောကာ တစ်ယောက်နဲ့တစ်ယောက် စကားပြောရင်း သူ့ကိုကျော်ကာ သွားကြသည်...
Jihyo's pov / အခုငါ လစ်လျူရှုခံလိုက်ရတာလား? /
" Ya! Yoo Jeongyeon! "
Jeongyeon သူ့အနောက်နားကနေ အသားကုန် အော်ခေါ်လာတဲ့ Jihyo ကို အသာငဲ့ကြည့်လိုက်ပြီး ဘာလဲ ဆိုတဲ့ သဘောဖြင့် ခေါင်းဆတ်ပြလိုက်သည်..
" နင်! "
" ဒါဆို Yoo ငါသွားလိုက်တော့မယ်နော် နောက်နေ့မှ တွေ့ကြတာပေါ့ .. Jihyo ya သွားပြီနော် .."
Nayeon သူမ ဘေးက Jeongyeon ကို ပြုံးပြလိုက်ရင်း Jihyo ကိုပါ နှုတ်ဆက်ကာ ထွက်လာခဲ့လိုက်သည်..
" Yoo Jeongyeon နင် အရမ်း အရမ်း ထူးဆန်းနေတယ်.. "
လှေကားထစ်ပေါ် Jeongyeon ထိုင်ချလိုက်ရင်း လက်ချောင်းတွေကို ဆော့ကာ..
" ငါအဲ့လောက်သိသာနေလား.. "
" အင်း.. နင်အရင်က သူငယ်ချင်းဖြစ်ချင်လို့ နင့်ကို မိတ်ဆွေ လာဖွဲ့တဲ့ သူတွေကိုကျ အမြဲ ငြင်းဆန်နေပြီးမှ Nayeon ကိုကျ နင်ကိုယ်တိုင် အရင် မိတ်ဆွေ သွားဖွဲ့ခဲ့တယ်လေ.."
Jihyo လဲ သူ့နည်းတူ လှေကားထစ်ပေါ် ထိုင်ချရင်း မေးခွန်းပြန်ထုတ်လိုက်သည်..
" ငါကိုယ်တိုင်လဲ မသိဘူး.. သူ့ကိုတွေ့ဖူးတာ မနေ့ကမှဆိုပေမဲ့ ငါ့စိတ်က သူ့ရဲ့အနီးနားကိုပဲ သွားချင်နေမိတယ်.. "