Zawgyi ver...Jeongyeon ခေါင်းကိုက်မှုနဲ့အတူ အိပ်ရာနိုးလာသည်.. ထိုစဉ် သူ့အိပ်ရာဘေးမှာတင်ထားတဲ့ ဖုန်းဆီက Message ဝင်သံကြောင့် ညည်းညူလိုက်ရင်း လှမ်းကာလိုက်သည်..
" ဘယ်သူလဲ? "
နံပါတ်အစိမ်းဖြစ်နေတာကြောင့် ဘယ်သူဆိုတာသေချာမသိပေမဲ့လဲ ဝင်ထားသော Message ကိုဖွင့်ကြည့်လိုက်သည်..
" မဖြစ်နိုင်တာ ~Jihyo က Nayeon ကို.. "
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
Dahyun သူမရဲ့မျက်နှာကို ထိတွေ့နေသော လက်တစ်စုံကြောင့် အိပ်နေရာမှနိုးလာခဲ့သည်.. သူမ မျက်နှာကိုထိတွေ့နေသော လက်ပိုင်ရှင်ကိုကြည့်လိုက်မိသည်..
" Unnie! ? "
" နိုးလာပြီလား "
သူမကို ပြုံးပြလာသော Momo ကိုကြည့်ကာ သူမ ပြန်လည်ပြုံးပြမိသည်.. သူမအတွက် ခိုကိုးရာဖြစ်သော Nayeon Unnie ကလဲ အခုချိန်မှာ သူမကို မုန်းနေနိုင်သည်.. နောက်ဆုံးအနေနဲ့ သူမကိုစွန့်ခွာသွားသော ချစ်ရသူကို ဆွဲထားချင်နေမိသည်..
" ခေါင်းကိုက်နေသေးလား? "
Dahyun ခေါင်းခါပြရင်း Momo ရဲ့ရင်ခွင်နွေးနွေးထဲ ပြန်လည်တိုးဝင်လိုက်သည်..
" Unnie.. Hyun ကိုထပ်မထားသွားပါနဲ့.. Hyun မှာ Unnie ပဲရှိတော့တယ်.. "
သူမ စကားအဆုံး ဦးခေါင်းထက်ကို နှစ်သိမ့်တဲ့အနေနဲ့ အသာဖွဖွနမ်းလာသော Momo...
📲🎶🎵🎶
Dahyun ရဲ့ဖုန်းမြည်သံကြောင့် နှစ်ယောက်လုံး ထလိုက်ကြသည်..
" Hello Jihyo Unnie "
Momo တစ်ဖက်က ဘာပြောမှန်းသေချာ မကြားရပေမဲ့ မျက်နှာအမူအယာပြောင်းသွားသော Dahyun ကြောင့် မကောင်းတာ ဖြစ်နေပြီ ဆိုတာ သူမ တွက်ဆမိလိုက်သည်..
" Nae.. Unnie.. chaw သွားလိုက်မယ်.. nae အဲ့ဘက်ကိုသွားပြီးမှ Unnie ပြောတဲ့နေရာကိုလာခဲ့မယ် "
ဖုန်းချလိုက်မှ Momo သူ့ကိုကြည့်လိုက်ပြီး..
" ဘာဖြစ်လို့လဲ? "
" Nayeon Unnie ကို Jihyo Unnie က ခေါ်ထုတ်လာပေမဲ့ Jeong Unnie က ဖုန်းမကိုင်လို့တဲ့ "