Part ( 9 )

571 49 6
                                    

Zawgyi ver..

" Good Night Yoo "

Jeongyeon ပါးပေါ်အနမ်းခြွေလိုက်ရင်း ပြောလိုက်တော့ Jeongyeon ပြုံးကာ Nayeon ရဲ့ပါးလေးကိုပြန်နမ်းလိုက်ပြီး..

" Good Night Yeonnie "

ကိုင်ထားတဲ့လက်ကို မဖြုတ်ဖြစ်ကြသေး.. အတော်ကြာတော့မှ..

" မနက်ဖြန်မှ​တွေ့မယ် Bye "

Jeongyeon ကားလေးထွက်သွားပြီး မြင်ကွင်းကပျောက်ကွယ်သွားသည်အထိ ကြည့်ပြီးမှ တက်လာခဲ့လိုက်သည်..

" Hyunnie? "

အိမ်ထဲဝင်ဝင်ချင်း ရုပ်သေနှင့်ထိုင်နေသော Dahyun ကိုမြင်လိုက်ရတာကြောင့် ကြောင်သွားမိသည်..

" အာ! Unnie ပြန်လာပြီလား "

" ဘာဖြစ်လို့လဲ Im Na Young လာသွားတာလား? "

စိုးရိမ်တကြီးမေးလာတဲ့ Nayeon ကြောင့် Dahyun အတတ်နိုင်ဆုံးစိတ်ကို လျှော့ချလိုက်ပြီး ပြုံးပြကာခေါင်းခါပြလိုက်ကာ ..

" မဟုတ်ပါဘူး.. Hyun တစ်ခုခုကိုတွေးနေမိတာပါ "

Nayeon ဖြေဖို့အတွေးမရှိသော Dahyun ကိုဆက်မမေးတော့ပဲ သူမဘေးဝင်ထိုင်လိုက်ရင်း..

" အဟမ်း! Unnie Hyun ကိုပြောစရာရှိတယ် "

Dahyun ဆီက အဖြေစကားမကြားရသော်လည်း မျက်ခုံးပင့်ပြတာကြောင့်..

" Unnie နဲ့ Jeongyeon တွဲနေကြပြီဆိုတာ ပြောပြချင်လို့ "

" တကယ်! "

Nayeon ပြုံးကာခေါင်းငြိမ့်ပြလိုက်သည်..

" Appa သိရင် ပြဿနာထပ်ရှာတော့မှာပဲ "

Dahyun ပြောလာတဲ့စကားကို သူမကောင်းကောင်းသိပါတယ်.. သူမရဲ့ အဖေဆိုတဲ့သူက ဒါမျိုးတွေကို ကဲ့ရဲ့သူ လက်မခံနိုင်သူတစ်ယောက်ဆိုတာ..

" အဓိက က Unnie နဲ့ Yoo ကချစ်နေရင်ပဲရပြီလေ..ပြီးတော့ Unnie တို့တွေအတူရင်ဆိုင်လို့ရတာပဲလေ.. "

Nayeon ဆီကအခိုင်အမာ ပြောလာတဲ့စကားကြောင့် Dahyun Momo ကိုသတိရသွားသည်.. ဒီလိုစကားတွေက သူကိုယ်တိုင် Momo ကိုပြောခဲ့ဖူးသည်... နောက်ဆုံးတော့ သူ့ကိုထားသွားခဲ့တာပဲလေ..

Nayeon ရုတ်တရက်ငြိမ်ကျသွား​သော Dahyun ကြောင့် စကားလမ်းကြောင်းလွှဲကာ..

Our Story [ Zawgyi + Unicode ]Where stories live. Discover now