Chapter 3

6.2K 792 58
                                    

Zawgyi

သောကြာနေ့ရောက်တဲ့အခါ မနက်ကတည်းက ဖင်တကြွကြွဖြစ်လို့ စိတ်လှုပ်ရှားနေတဲ့ သူ့ကို Cheng Xiao ကတောင်စတယ်။
တက်ကြွနေလိုက်တာဆိုတာ Xiao Zhan ရဲ့ ကားလေး သူတို့ dance studio ရှေ့ရောက်တဲ့အခါ ဘယ်သူ့ကိုမှတောင် မနှုတ်ဆက်အားပဲ ခုန်ပေါက်ထွက်လာမိသည်အထိ။

ကားပေါ်ရောက်တဲ့အခါ လက်ခံရရှိတဲ့ မွတ်မွတ်သိပ်သိပ်အနမ်းတွေဟာ ပျားရည်လိုပဲ စူးရှလို့ချိုမြိန်တယ်။
ရေငတ်သူက ရေသောက်နေသလိုမျိုး တရှိုက်မက်မက်နမ်းလာတဲ့ နှုတ်ခမ်းပါးတွေရယ်၊ နင့်နင့်နဲနဲစိုက်ကြည့်လာတဲ့ မျက်ဝန်းညိုတွေရယ်ကြောင့် အကိုဟာလည်း သူ့ကိုလွမ်းနေတာပါလားလို့ ယုံကြည်ချင်မိတယ်။

'ဒီတစ်ပတ်လုံးလုံး တွေ့ရမယ့်ရက်ကိုလက်ချိုးရေနေခဲ့တာ ကလေးရဲ့'

သူ့လည်တိုင်ကို မျက်နှာအပ်လို့ ခပ်ဖွဖွဆိုလာတဲ့အခါ သူ့မှာတော့ ရင်တွေတလှပ်လှပ်။

ဒီလိုစကား ဒီလိုအပြောတွေကြားမှာ သူ့ရဲ့နှလုံးသားလေးဟာ အတုံးအရုံးပါပဲ။

'ကျွန်တော်ကောပဲ'

တအား တအား အများကြီးလွမ်းနေခဲ့တာ။

သူတို့နေဖို့ Xiao Zhan ငှားထားတဲ့ အပန်းဖြေအိမ်လေးဟာ Shanghai ကနေ နာရီအနည်းငယ်သွားရတဲ့ တူးမြောင်းလေးဖြတ်စီးဆင်းတဲ့ မြို့လှလှလေးမှာဖြစ်တယ်။

အပန်းဖြေအိမ်လေးဆီကိုရောက်ရောက်ချင်းမှာ ညစာစားဖို့အာရုံမရပဲ တစ်ဦးကိုတစ်ဦး ထိတွေ့နမ်းရှိုက်ဖို့သာအားသန်နေမိကြတယ်။
လှိုက်ဖိုစရာကောင်းတဲ့အနမ်းမွတ်မွတ်သိပ်သိပ်တွေကြား မိန်းမောနေစဉ်မှာပဲ Xiao Zhan ရဲ့ဆီစွတ်ထားတဲ့ လက်ချောင်းသွယ်သွယ်တို့ဟာ သူ့ကိုယ်ထဲရောက်နှင့်နေပြီ။

'မင်းမျက်နှာလှလှလေးကိုလွမ်းတယ်' တဲ့။

ခြေထောက်တစ်ချောင်းကို ပခုံးပေါ်ထမ်းလို့ အရှိန်ပြင်းပြင်းတိုးဆောင့်နေရင်းဆိုတယ်။

သီးသန့်အပန်းဖြေအိမ်ကိုရွေးလိုက်တာ တော်တယ်ပဲဆိုရမယ်။
ဟိုတယ်မှာသာဆိုရင် သူတို့လုပ်နေပုံနဲ့ ဘေးအခန်းတော့ ဒုက္ခရောက်ရချီရဲ့။

These Precious Few Hours (Translation)Donde viven las historias. Descúbrelo ahora