Chapter 7 (Final)

11.4K 906 39
                                    

Zawgyi

စိတ်လှုပ်ရှားစွာနဲ့ပဲ Xiao Zhan ရဲ့လက်ကို ဆုပ်ကိုင်ထားမိတယ်။
သူတော့မှားပြီထင်ရဲ့.....။

ဘယ်လိုကနေ ဘယ်လို ဖျောင်းဖြလိုက်သည်မသိ
Xiao Zhan ရဲ့ 'Yibo သူငယ်ချင်းတွေနဲ့ သွားတွေ့တာ ကိုယ်လည်းလိုက်ချင်တယ်' ဆိုတဲ့စကားကို သူသဘောတူလိုက်မိတယ်လေ။

သူကြောက်နေတဲ့အတိုင်းပါပဲ ချိန်းထားတဲ့ Bar ထဲကို ဝင်လိုက်ချိန်မှာပဲ ခုနကဆူညံနေတဲ့ စကားဝိုင်းဟာ ရုတ်တရတ်ငြိမ်ကျသွားတော့တယ်။
စိတ်ညစ်လိုက်တာ။
အခုချိန်မှ လှည့်ပြန်လို့လဲမရတော့ဘူး။

ရှေ့ဆက်မသွားပဲ ရပ်နေမိတဲ့သူ့ကို Xiao Zhan က လက်ကနေဆွဲလို့ ဝိုင်းဆီရောက်အောင်ခေါ်လာတယ်။
Xiao Zhan ပါလာမယ်မှန်းမသိတာမလို့ နေရာချန်ထားတာက တစ်နေရာစာပဲရှိတယ်။
Xiao Zhan က အေးအေးဆေးဆေးပါပဲ ဘေးက လွတ်နေတဲ့တစ်ခုံကိုဆွဲလို့ထိုင်တယ်။

'ဒါ Xiao Zhan'

အို့တို့အမ်းတမ်းနဲ့ပဲ မိတ်ဆက်ပေးလိုက်မိတယ် သူတို့တွေအကုန်လုံးက သိပြီးသားဆိုပေမယ့်။

'အားလုံးနဲ့တွေ့ရတာ တကယ်အရမ်းဝမ်းသာပါတယ်'

Xiao Zhan က အသာပြုံးလို့ ဦးညွတ်ကာ နှုတ်ဆက်လိုက်ပေမယ့် အားလုံးကတော့ ငြိမ်သက်နေဆဲပဲ။
သူသိတယ် ခေါ်လာမိတာမှားပြီဆိုတာ။

'ဒါဆို ခွက်တစ်ခွက်ထပ်ယူရမှာပေါ့'

အကြာကြီးငြိမ်နေတော့ မနေနိုင်တဲ့ Yixuan ge ကပဲ ထပြောတော့ သူကပြာပြာသလဲ ထပြောမိတယ်။

'နေ နေ ကျွန်တော်သွားယူလိုက်မယ် Zhanzhan က ကျွန်တော့်ခွက်ကိုယူလိုက်'

ခွက်သွားယူပြီး ပြန်လာတဲ့အချိန်မှာ Wenhan က ရယ်စရာတစ်ခုကိုပြောနေတယ်။
Xiao Zhan ကလည်း လိုက်ပြုံးနေတာမလို့ အခြေအနေက မဆိုးလောက်ဖူးထင်တာပဲ ဟုတ်တယ်မလား။

နည်းနည်းတော့ အို့တို့အမ်းတမ်း မသက်မသာ ဖြစ်နေပေမယ့် သူ့သူငယ်ချင်းတွေက Xiao Zhan ကို ဖယ်ထားတာမျိုးမလုပ်၊ Xiao Zhan ကိုပါ စကားဝိုင်းထဲပါအောင် ထည့်ထည့်ပြောနေသည်မလို့ သက်ပြင်းကိုခိုးချမိတယ်။ တော်သေးတာပေါ့။

These Precious Few Hours (Translation)حيث تعيش القصص. اكتشف الآن