Zawgyi
'မင်းဟုတ်ပါ့မလားလို့တွေးနေမိရက်နဲ့ မင်းဖြစ်ပါစေလို့ဆုတောင်းနေမိတာ'
နင့်နင့်ပိုးပိုးပြောလာတဲ့ စကားတစ်ခွန်းကြောင့် အရှေ့ကမျက်နှာကို စေ့စေ့ကြည့်မိတယ်။
တကယ်ကို ပိန်သွားတာပဲ ပါးရိုးတောင် ထင်းလို့။
ဒါပေမယ့် ဒီမျက်နှာဟာ သူ့ကို အရင်လိုခံစားချက်တွေပေးစွမ်းနိုင်တုန်းပဲ။
မဖြစ်ဘူး။'တောင်းပန်ပါတယ် စကားလေးနည်းနည်းပဲပြောခွင့်ပြုပါ နော်'
လက်မောင်းကိုအားနဲ့ရုန်းတော့ ခခယယဆိုလာတယ်။
'မပြောချင်ဘူး'
သူ့လက်ကိုလွှတ်မပေးသေးဘူး။
'ဒါဆိုကိုယ်ပဲပြောမယ် ခဏပဲ ခဏပဲ နားထောင်ပေးပါ နော်'
'အခုအချိန်မှာ ခင်ဗျားပြောမယ့်စကား တစ်ခွန်းကိုမှမကြားချင်တော့ဘူး'
ဒါဟာ တကယ်ရင်ထဲကလာတဲ့စကား။
သူသိပ်ကြားချင်ခဲ့တဲ့စကားကို Xiao Zhan မှ မပြောချင် မပြောနိုင်ခဲ့ပဲ။'သွားရတော့မယ် ဒီနေ့ performance လုပ်ဖို့ရှိတယ်'
လက်ကိုထပ်ပြီးရုန်းထွက်ဖို့လုပ်နေစဉ်မှာပဲ အချိန်ကိုက် ဖုန်းကထပ်မြည်လာတယ်။
မြန်မြန်ပြန်လာဖို့ Cheng Xiao က ခေါ်နေတာပဲ ဖြစ်ပါလိမ့်မယ်။'အိုကေ အိုကေ ဒါဆို performance ပြီးသွားရင်ကော'
သူ့ကိုမလွှတ်ပေးသေးပဲ မျက်နှာကို အသည်းအသန်လိုက်ကြည့်တယ်။
'ဘယ်အချိန်ဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ်ရတယ် ၁၀မိနစ်ပဲ ၁၀မိနစ်ပဲ နော်'
သူ့အသည်းကိုခွဲခဲ့တဲ့အတွက် တောင်းပန်စကားကို ၁၀မိနစ်တောင် နားထောင်ရမှာလား။
'၅မိနစ် ဒါဆို ၅မိနစ်ပဲ နော်'
မျက်တောင်မခတ်တမ်းလိုက်ကြည့်နေတဲ့မျက်ဝန်းတွေက သူ လွတ်ထွက်သွားမှာ စိုးသည့်အလား။
'လိုက်ရှာနေတာ အရမ်းကိုကြာခဲ့ပြီ'
လွန်ခဲ့တဲ့လတွေတုန်းက သိပ်ကြားချင်ခဲ့တဲ့စကားတွေ။
VOCÊ ESTÁ LENDO
These Precious Few Hours (Translation)
Fanficလူတစ်ယောက်ဟာ နောက်လူတစ်ယောက်ကိုပေးနိုင်တဲ့ တန်ဖိုးအရှိဆုံးအရာဟာ သူ့ရဲ့အချိန်တဲ့။ Xiao Zhan ဟာ သူ့ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေထဲ နာရီတချို့တဝက်ကိုသူ့ကိုဖဲ့ပေးမယ်ဆိုရင် သူကဘာကြောင့်မယူပဲနေရမှာတဲ့လဲ.......။ လူတစ်ယောက်ဟာ နောက်လူတစ်ယောက်ကိုပေးနိုင်တဲ့ တန်ဖ...