Chapter 2

6.5K 772 25
                                    

Zawgyi

သူတို့ရဲ့ ဇာတ်လမ်းက လွန်ခဲ့တဲ့၅လ က အထက်တန်းကျတဲ့ ဟိုတယ် Bar လေးတစ်ခုမှာစတယ်။

တကယ်တော့ အဲ့ဒီညက Yibo ဘယ်သူနဲ့ ဘာမှလုပ်ဖို့ အစီအစဉ်မရှိခဲ့ဘူး။
ဒီတိုင်းပဲ အေးဆေးသောက်မယ်၊ လာစကားပြောတဲ့သူတွေနဲ့ အီမယ်ပေါ့။
ကိုယ့်ဘာသာကိုယ် ကြည့်ကောင်းမှန်း သိတဲ့ Yibo က လူတွေရဲ့ အာရုံစိုက်ခြင်းခံရတာကိုကြိုက်တယ်။
ချောတယ် လှတယ် ဆွဲဆောင်မှုရှိတယ်လို့ အမြဲချီးကျူးခံရတတ်တဲ့ Yibo က Bar သွားတိုင်း ကိုယ့်သာသာကိုယ်ပိုက်ဆံရှင်းရတာလည်း မရှိသလောက်ပဲ။

ဒီတစ်ခေါက်လည်း ထူးမခြားနားပေါ့။

ထူးခြားတာကတော့ သူ့ကိုချဉ်းကပ်လာတဲ့လူပဲ။

ထိုသူက သိသိသာသာကိုမှတ်ချက်ပေးရလောက်အောင်အထိချောတယ်။
အတိအကျပြောရရင် အဲ့ဒီလောက်ချောတာကို တစ်ခါမှမမြင်ခဲ့ဖူးဘူးလို့ပြောရလောက်အောင်ကိုချောတယ်။

'မင်းရဲ့နားကပ်လေးတွေက သိပ်လှတာပဲ'

ချဉ်းကပ်လာတဲ့လူတိုင်း ပြောနေကျစကားတွေထဲက တစ်ခွန်းဖြစ်သည့်တိုင် ထိုသူ့နှုတ်ခမ်းကကျလာတဲ့အခါ တကယ်ကိုလေးလေးနက်နက်ပြောနေသလို ခံစားလိုက်ရတယ်။

ဘာမှပြန်မပြောပဲ စေ့စေ့စိုက်ကြည့်မိတော့ ချိုသာလွန်းတဲ့ အပြုံးတစ်ပွင့်နဲ့ ဆိုလာပြန်တယ်။

'ဒီတစ်ဝိုင်း ကိုယ်ဝယ်တိုက်ခွင့်ရှိမလား'

ရုပ်ချော၊ အပြုံးချိုတဲ့အပြင် ဒီလူဟာ အရမ်းကိုနားဝင်ပီယံဖြစ်တဲ့ အသံပိုင်ရှင်လည်းဖြစ်နေပြန်တယ်။

မေးတစ်ချက်ဆတ်ပြလိုက်တော့ ဘေးကခုံမှာ အသာဝင်ထိုင်တဲ့ထိုသူဟာ ပိန်ပိန်ရှည်ရှည်နဲ့ သိပ်ကိုပြေပြစ်တဲ့ ခန္တာကိုယ်အမျိုးအစားကိုလည်းပိုင်ဆိုင်ထားသေးတယ်။

စကားများများမပြောတတ်တဲ့ Yibo ဟာ သူပြောသမျှကို ခေါင်းငြိမ့် ခေါင်းခါလုပ်ရင်း ထိုသူရဲ့ မြင့်မားပြီးတင့်တယ်တဲ့ ပါးရိုးတွေကိုသာ အာရုံစိုက်နေမိခဲ့တယ်။

'ဘာမှမသောက်ဖူးလား'

သူကိုယ်တိုင်ရဲ့ cocktail က တဝက်ကျိုးနေချိန်မှာ ထိုသူက ဘာမှသောက်မနေခဲ့ဘူး။

These Precious Few Hours (Translation)Tempat cerita menjadi hidup. Temukan sekarang