ကျွန်တော်တိုက်ခန်းတွင်စောင့်နေခဲ့သည်။စောင့်နေခဲ့သည်။ကျွန်တော်လဲအမေအိမ်ကနေပြန်လာခဲ့ရတာပါပဲ။အထုပ်တွေနေရာချရင်းစောင့်နေခဲ့သည်။အခန်း8ကပြန်မရောက်သေးဘူးလား
11:30
နောက်နာရီဝက်ဆို8ရက်နေ့ဖြစ်ပြီ ညီဖုန်းသည်စက်ပိတ်ထားသည်သာဖြစ်သည်။ကျွန်တော်ဆိုဖာပေါ်တွင်လှဲချလိုက်သည်။မျက်ဝန်းတို့အားမှိတ်ထားမိသည်။
"Ge ... Ge ထလေ ဒီမှာအိပ်မနေနဲ့ "
"ညီ ... ညီ ပြန်ရောက်လာပြီ ညီဘယ်နားတွေထိခိုက်သွားသေးလဲ"
"ကျွန်တော်ဘာမှမဖြစ်ပါဘူးGe ရ ကြည့်ပါလားအကောင်းကြီး"
"ငိုခဲ့တာလား ညီမျက်လုံးတွေဖောင်းနေတယ်"
"လေယာဥ်ပေါ်မှာအိပ်လာလို့ပါgeရ ကျွန်တော်ကြည့်ရဆိုးနေလို့လား"
" မဆိုးပါဘူး ထပါဦး ကိုယ့်သေချာကြည့်ရအောင်ညီထိခိုက်မိတာတွေရှိလားလို့ ကိုယ်တကယ်စိတ်ပူနေခဲ့တာ"
"နည်းနည်းလေးပွန်းပဲ့ရုံလောက်ပါge geရ "ညီကပြောပြီးကိတ်မုန့်ပေါ်တွင်မီးထွန်းနေလေသည် 29ဆိုသောဖယောင်းတိုင်လေးများကလှပနေသည်။
"ညီမေ့နေပြီထင်တာ ဖုန်းကလည်းဆက်လို့မရတော့လေ"
"လေယာဥ်ပေါ်မှာမို့စက်ပိတ်ထားလို့ပါမားတို့အိမ်ကပြန်လာခဲ့ပြီးကျွန်တော်ကိုစောင့်နေခဲ့တာလား"
"အင်း စိတ်ထဲညီပြန်လာမယ်လိုယုံကြည်နေခဲ့တာ"
"စပရုိက်မဖြစ်တော့ဘူးပေါ့ညနေကပြိုင်ပဲွမှာမတော်တဆဖြစ်ခဲ့တော့ပရိသတ်တွေကစိုးရိမ်ကြပြီးကျွန်တော်လေယာဥ်ချိန်ပြောင်းလိုက်တာပါသိကုန်ကြတယ် ကျွန်တော်ကအစကတည်းကပြန်လာဖို့စီစဥ်ခဲ့တာပါလက်မှတ်လည်းကြိုဝယ်ပြီးသား gegeရဲ့နောက်ဆုံးမွေးနေ့ဆုတောင်းပေးသူကကျွန်တော်ဖြစ်ချင်တယ်လေ"
"ကိုယ်မြတ်နိုးရတဲ့ညီလက်လေးမှာပလာစတာကပ်ထားတာတွေကကိုယ့်ကိုအနှောင့်အယှက်ဖြစ်စေတယ် တကယ်ဆိုကိုယ့်လာကြည့်ခဲ့ရမှာညီနားမှာရှိခဲ့သင့်တာ ကိုယ့်ကကြည့်မိရင်ညီကိုတားမိမှာစိုးလို့ပါ"
YOU ARE READING
💙 I think I Love You💙
Romanceအချစ်ကိုမယုံကြည်သူလူပျိုကြီးတစ်ယောက်က အချစ်ကိုရုတ်တရက်ကြီးရှာဖွေတွေ့ရှိမည်တဲ့လား