မနက်ခင်းလေပြည်တို့က ကန့်လန့်ကာစများကိုတိုးဝှေ့ကျီစယ်နေကြသည်။
ရင်ခွယ်ထဲဝယ် အိပ်ပျော်နေသောညီအားကျွန်တော်တစိမ့်စိမ့်ကြည့်နေမိသည်။
ညကညီကကျွန်တော်မွေးနေ့ကိုအမှတ်ရနေခဲ့သည့်အပြင် ကျွန်တော်ကိုအလွန်ပင်သတိရနေခဲ့ကြောင်းမအိပ်ခင်ပြောခဲ့သေး၏။ညီနဖူးအား ခပ်ဖွဖွနမ်းလိုက်မိပါ၏။ ဒီကလေးကနိုးလာလျှင်စိတ်ရှုပ်တတ်သေးသည်။
"Ge ပြန်အိပ်ရအောင်အစောကြီးရှိသေးတယ် ငြိမ်ငြိမ်နေ"
"ညီ နိုးနေတာလား ကိုယ့်ကြောင့်နိုးသွားတာလား "
"Ge ပြန်အိပ်ရအောင် ကျွန်တော်အိပ်ချင်သေးတယ်"ညီကပြောပြီးတခြားဘက်တောင်လှည့်သွားလေသည်။
မနက်8နာရီ ကျွန်တော်ရုိက်ကွင်းရှိသည် ။ ကျွန်တော်ကထမှဖြစ်ပေမည်။ ကျွန်တော်ရေချိုးခန်းထဲဝင်တဲ့အထိညီကအိပ်ပျော်နေသေးသည်။
"GeGe ဘာလုပ်နေတာလဲ"
အိပ်ချင်မူးတူးထလာသောချူရင်သည် မီးဖိုခန်းတွင်အလုပ်ရှုပ်နေသောYiXingအားထိုင်ကြည့်နေပါ၏။"ညီ မျက်နှာသွားသစ်တော့လေ ကိုယ်မနက်စာလုပ်ထားတယ် ပြီးရင်စားရအောင် အိပ်ပုတ်လေး "
"ကျွန်တော်က နည်းနည်းအချိန်ရသေးတယ် Xing geကျွန်တော် မနက်စာ စားလေ့မရှိဘူး ပြီးတော့....."
"ကိုယ်သိတယ် ညီDietလုပ်မှန်း ညီအစားနည်းတာလည်းသိတယ် အဲ့တာကြောင့်ကိုယ်ကပေါ့ပေါ့လေးဖြစ်နေတာ ၁၂၅ပေါင်လောက်ဆိုရင်တောင်ညီပိုကြည့်ကောင်းဦးမယ်"
"ကျွန်တော်ကဘယ်လောက်စားစားမဝတာ ပါးမှာအဆီစုလာရော ပါးဖောင်းတာ ကျွန်တော်အတွက်အဆင်မပြေဘူး"
"ညီ ၁၂၀ကတကယ်ပိန်လွန်းတယ် အများကြီးမစားချင်ရင်တောင် နည်းနည်းတော့စားကွာ ကိုယ်တို့အတူတူGymဆော့ကြမယ်လေ ကိုယ်ကအစောကြီးထပြီးပြင်ထားရတာ"
"ဟုတ်ပြီ ဘာတွေချက်ထားလဲအစ်ကို"
"အစ်ကို ကိုကို့အဲ့လို့ခေါ်လိုက်တာလား"
"ကျွန်တော်မျက်နှာသွားသစ်ဦးမယ် အစ်ကိုလဲပြင်ဆင်တော့လေ ရူတင်ရှိတယ်မလား"
"အင်း"
ချူရင်ထွက်သွားတော့မှYiXingလည်းစာတိုတစ်ခုထားခဲ့တာ ထွက်သွားတော့သည်။
ရေချိုးပြီးချူရင်ထမင်းစားခန်းထဲထွက်လာတော့Xing ge မရှိတော့ပေ။"ညီ ကိုယ့်မနက်စာဆလပ်ရွက်ကြော်နဲ့ဆွေမျိုးမေ့ဟင်းခါးချက်ထားခဲ့တယ် ညီဘာကြိုက်လဲကိုယ်မသိလို့ အခုကဘာမှမဝယ်ရသေးတော့ ထမင်းနဲ့တဲွဖက်စားနော်
KoKo"စာတိုအားဖတ်ပြီးချူရင် ရယ်မိသည်။ကိုကိုတဲ့ ခင်ဗျားဟာလေ တကယ်
Xing geချက်ထားတာစေတနာပါလို့ထင်တယ်အရသာလည်းရှိသည်။ချူရင်ကထမင်းဟင်းတော့လုံးဝမချက်တတ်ပေ။Xinggeဟင်းချက်တတ်တယ်လို့သိခဲ့ပေမဲ့ဒီလောက်ထိအရသာရှိလိမ့်မယ်လို့မထင်ခဲ့ပေ။《သူပြုံးလို့ ပြုံးမိတယ် သူငိုလို့ငိုမိတယ် ဒါဟာ တစ်
ခါတစ်ရံ အရူးထခြင်း အဖြစ် မင်းကို ပြောဆိုကြမယ်........"သူသိတာလည်းမဟုတ်ဘဲ" ဆိုတဲ့ စကားရဲ့နောက်
ကွယ်မှာ မင်း မျှော်လင့်ချက်တွေပျောက်ဆုံးသွားတာ
ဘယ်သူမှ မသိဘူး..........》Zhang YiXing
YOU ARE READING
💙 I think I Love You💙
Roman d'amourအချစ်ကိုမယုံကြည်သူလူပျိုကြီးတစ်ယောက်က အချစ်ကိုရုတ်တရက်ကြီးရှာဖွေတွေ့ရှိမည်တဲ့လား