ပြသနာကအခုမှစတင်လာခဲ့သည်။YiXing
သည်အမှန်တကယ်အလုပ်အရမ်းများသောသူဖြစ်သည်။ကုမ္ပဏီ၂ခုနှင့်အလုပ်တွေကြောင့်ပြန်ချိန်လည်းညနက်လေ့ရှိသည်။ ချူရင်မှာrecording ပြီးကတည်းကပြန်ရောက်နေတာဖြစ်သည်။ဘယ်လိုပဲဆိုဆိုအိမ်အသစ်လိုဖြစ်နေဆဲပင်။YiXingရှိလျှင်အသံတွေနဲ့ဆူနေတတ်သလောက်YiXingမရှိသောအခါပတ်ဝန်းကျင်ကပါတိတ်ဆိတ်နေတတ်သည်။နေ့ခင်းဘက်ထိကိစ္စမရှိတတ်ပေမဲ့ညချမ်းအခါရောက်လာလျှင်ကြောက်တတ်သူချူရင်အတွက်သိပ်အဆင်မပြေလှပေ။ပြိုင်ပဲွတွင်ဆုရသောအစ်ကိုအားဂုဏ်ပြုပဲွလုပ်ပေးသောထမင်းစားဝိုင်းမှပြန်လာတော့အချိန်ကားည၈နာရီဝန်းကျင်ခန့်ရှိနေပေပြီ။ဂုဏ်ပြုပဲွတွင်လည်းညတွင်းချင်းပြန်သွားသောချူရင်အားအဆင်ပြေရဲ့လားဟုဝိုင်းမေးကြသည်။ဆုရသူအစ်ကိုအားဂုဏ်ပြုတာထက်သူတို့ညီလေးချူရင်အဆင်ပြေရေးကိုသာဝိုင်းပြောဆိုကြသည်။
ကျွန်တော်ပါဝင်သောvarity showတွင်လည်း တာဝန်ရှိသူတွေကပါအစဆေးခန်းတွင်ဆေးစစ်ရန်ပင်အစအဆုံးလုပ်ပေးကြသည်။ဘာမှမဖြစ်ပါဘူးနည်းနည်းပွန်းပဲ့သွားရုံသာဟုဆိုလည်းမရ။ဆေးစစ်ချက်ကဘာမှမထိခိုက်ဟုဆိုမှသာအပူတွေသက်သာသွားတော့၏။
ဂုဏ်ပြုပွဲတွင်လည်းကျွန်တော်ညတွင်းချင်းပြန်သွားရသည်မှာကျွန်တော်အသိအစ်ကိုတစ်ယောက်ရဲ့မွေးနေ့ပွဲအမှီပြန်ခဲ့ခြင်းသာဖြစ်ကြောင်း အတူမပြန်ခဲ့ဘဲစောပြန်ခဲ့လို့အစ်ကိုတို့ကိုစိတ်ပူစေခဲ့မိပြီဟုပြောတော့အားလုံးကကျွန်တော်အဆင်ပြေဖို့သာအဓိကဟုဆိုသည်။
Xing geအိမ်ပြန်နောက်ကျမည်ဟုစိတ်ထဲမှန်းမိတာကြောင့်ကျွန်တော်အရက်တော်တော်များများသောက်လိုက်ပါသည်။geမရှိလျှင်တစ်ယောက်တည်းနေရမည်ဖြစ်သည်။အကြောက်နည်းနည်းလျော့ပါးစေရန်ရည်ရွယ်ခဲ့သော်လည်းအိမ်ပြန်ရောက်သော်အခါအတော်ပင်အမူးပြေသွားပေသည်။
နာရီသံက၉နာရီတီးနေပြီဖြစ်သည်။Xing geကအခုထိပြန်မရောက်လာသေးပေ။ ချူရင်မှာTVဖွင့်ထားပြီးတစ်ခန်းလုံးမီးတွေအကုန်ဖွင့်ထားသော်လည်းစိတ်ထဲနေလို့မကောင်းသေးပေ။
YOU ARE READING
💙 I think I Love You💙
Romanceအချစ်ကိုမယုံကြည်သူလူပျိုကြီးတစ်ယောက်က အချစ်ကိုရုတ်တရက်ကြီးရှာဖွေတွေ့ရှိမည်တဲ့လား