ကိုယ်ပူနည်းနည်းပဲရှိတာပါ အစ်ကိုပေးတဲ့ဆေးကိုသာပုံမှန်သောက်ပေးရင်ညီအလုပ်တွေလုပ်လို့ရပါပြီ ညကျရင်တောင်ကိုယ်ပူကျလိမ့်မယ် "
"ဟုတ်ကဲ့အစ်ကိုမုရိ "
"Xingနဲ့တဲွတာကြာပြီလား ဒီလိုတွေဖြစ်ပြီဆိုတော့မင်းတို့ရှေ့ဆက်ဘယ်လိုလုပ်မလဲ"
"ကျွန်တော်မသိဘူး ကျွန်တော်နဲ့Xing geကချစ်သူတွေမဟုတ်ပါဘူး ကျွန်တော်တို့ဒီမှာတင်တစ်ခန်းရပ်မှာပါ ယောကျ်ားလေးပဲကိစ္စမရှိပါဘူး"
"မင်းသိလား ယောကျာ်းလေးလည်းကိုယ်ရဲ့ပထမဆုံးကိုတန်ဖိုးထားရတာပဲ မိန်းကလေးနဲ့ဖြစ်ဖြစ်ယောကျာ်းလေးနဲ့ဖြစ်ဖြစ် မင်းရဲ့လူပျိုဘဝကပြန်မရတော့ဘူး မင်းလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေ မင်းဟာ Xingနဲ့ပတ်သတ်ပြီးသွားပြီ တန်ဖိုးထားကြစမ်းပါ လှေကားထစ်သုံးထစ်ဆင်းရုံနဲ့လူပျိုပြန်ဖြစ်တယ်တို့ဆိုတာယောကျာ်းကောင်းတွေကဘယ်တော့မှမသုံးဘူး geပြောတာနားလည်လား"
"ဒါပေမဲ့ကျွန်တော်နဲ့Xing geကညီအစ်ကိုလိုပဲသူငယ်ချင်းလိုပဲဒီထက်ပိုစရာမရှိပါဘူးgeမှာလဲချစ်သူရှိမှာပါ"
"Xing မှာကချစ်သူမရှိဘူးကွ ငါအထင်တော့Xingကတာဝန်ယူတတ်တဲ့သူ သူမင်းကိုအလွယ်တကူလက်လွှတ်ပေးမှာမဟုတ်ဘူး ပြီးတော့တစ်ခုသတိပေးပါရစေ တောင်းဆိုတာလို့လည်းပြောလို့ရတယ် Xingကိုဂရုစိုက်ပေးပါ သူကမိဘနဲ့ဝေး ညီအစ်ကိုအဖဲွ့ဝင်တွေနဲ့လည်းဝေး သူခမျှအထီးကျန်နေရှာတာ"
"ကျွန်တော်တို့၂ယောက်ကမဖြစ်နိုင်ပါဘူးတူညီမှုတွေလည်းမရှိသလိုအကြိုက်လည်းမတူကြဘူး ရှေ့ဆက်ဖို့ကသူငယ်ချင်းအနေနဲ့ပဲသင့်တော်ပါတယ်"
"ပြန်စဥ်းစားကြည့်ပါဦးညီလေးရယ် အစ်ကိုကိုဘယ်အချိန်ပဲဖြစ်ဖြစ်ဖုန်းဆက်လို့ရတယ် ကိုယ်ပူမပျောက်ရင်ဖုန်းပြန်ဆက်ပေးဒါကိုယ့်လိပ်စာကတ် Xingနဲ့စကားသွားပြောဦးမယ် "
"ဟုတ်ကဲ့အစ်ကိုကျေးဇူးပါ"
အစ်ကိုမုရိအခန်းထဲကထွက်သွားတော့မှချူရင်သက်ပြင်းချမိသည်။ကျွန်တော်ကရောတန်ဖိုးမထားခဲ့ဘဲနေမလား။
YOU ARE READING
💙 I think I Love You💙
Storie d'amoreအချစ်ကိုမယုံကြည်သူလူပျိုကြီးတစ်ယောက်က အချစ်ကိုရုတ်တရက်ကြီးရှာဖွေတွေ့ရှိမည်တဲ့လား