မနက်နေရောင်ခြည်တို့သည်အခန်းတွင်းသို့ကျူးကျော်ဝင်ရောက်လာ၏။လေညင်းကလေးများကလည်းညင်သာစွာတိုက်ခတ်နေ၏။
နေရောင်ခြည်ထိုးနေမှုကြောင့်YiXingမနေတတ်စွာနိုးထလာရလေသည်။ခေါင်းတွေလည်းထိုးကိုက်နေ၏။YiXingသည်ရင်ခွင်ထဲရောက်ရှိနေသောချူရင်ကြောင့်ရုတ်တရက်လန့်သွားမိ၏။ညတုန်းကအဖြစ်အပျက်များအားမနည်းစဥ်းစားယူရ၏။ချူရင်၏နှုတ်ခမ်းလှလှသည်YiXingလက်ချက်ကြောင့်အောက်နှုတ်ခမ်းပင်ပေါက်နေ၏။***ညီ၏ကိုယ်သည်ကျွန်တော်ပေးထားသောmarkingတို့ဖြင့်ပြည့်နှက်နေ၏။ညီ၏အသားအရည်သည်ဖြူသောကြောင့်ကိုက်ရာနီနီရဲရဲတို့သည်သိသာနေ၏။ညီ၏လည်တိုင်ပုခုံးနှင့်အစပ်လည်တိုင်အောက်ခြေဘေးတွင်ရှိသောမှဲ့နေရာတွင်အချစ်အမှတ်အသားဖြင့်ထင်းနေ၏။အရင်ကလည်းကျွန်တော်သည်အဲ့နေရာကိုမြင်တိုင်းအသည်းယားမိသည်နမ်းချင်မိသည်။ ညကကျွန်တော်ကားမောင်းနေရင်းပင်မူမမှန်သည်ကိုခံစားမိသောကြောင့်အိမ်အမြန်ရောက်ရန်မောင်းမိသည်။တစ်ခုခုမှားနေမှန်းသိပေမဲ့ကျွန်တော်ရအောင်ထိန်းချုပ်ကာနေခဲ့သည်။ဆေးခတ်ခံရသည်ဟုထင်မိသော်လည်းလက်ဆုပ်လက်ကိုင်ပြရန်သက်သေပင်မရှိချေ။အထူးသဖြင့်ညီအသားတို့သည်ပူနွေးနေ၏။ညီဖျားပြီထင်သည်။ ***
(***YiXingအတွေးဖြစ်သည်)Yixingအိပ်ရာကထသွားသည်တိုင်ချူရင်မှာမနိုးသေးပေ။
"Ge ကျွန်တော်ဆီလာခဲ့ပါဦး ကျွန်တော်ယောကျာ်းလေးတစ်ယောက်နဲ့အိပ်မိသွားလို့""ယောကျာ်းလေးချင်းအတူအိပ်မိတာငါကဘာလို့လာရမှာလဲ ထူးဆန်းလို့လား yixingမနက်အစောကြီးဖုန်းဆက်ပြီးဘာတွေကြောင်နေရတာလဲ"
"မဟုတ်ဘူးGe ကျွန်တော်တို့အတူနေမိသွားတာ သူအခုကိုယ်ပူနေတယ်ထင်တယ် Geလာခဲ့ကျွန်တော်ညက တော်တော်ကြမ်းသွားတယ်ထင်တယ် geကျွန်တော်အိမ်သာအမြန်လာခဲ့"
"Xing မင်းမဟုတ်မှလွဲရော ငါထင်သလိုမဟုတ်ဘူးမလား"
"Geအမြန်လာပေးရင်ပိုကောင်းမှာပဲ"
YOU ARE READING
💙 I think I Love You💙
Roman d'amourအချစ်ကိုမယုံကြည်သူလူပျိုကြီးတစ်ယောက်က အချစ်ကိုရုတ်တရက်ကြီးရှာဖွေတွေ့ရှိမည်တဲ့လား