☕5🍪

4 2 0
                                    

အချိန်​တွေကလည်း​ရှေ့ဆက်သွား​နေသည်​ပေ။
ညီနဲ့ကျွန်​တော်လည်းကြားတွင်မ​တွေ့ဖြစ်ကြ​တော့​ပေ။ကျွန်​တော်ကသိချင်သူဆို​တော့ညီသတင်းအားအမြဲရှာ​ဖွေရ၏။

ညီကFan meetingတွင်လည်း​ချေမိုးလျက်ပါပဲ။Mc​မေးသမျှကိုလည်းပွင့်ပွင့်လင်းလင်းပြန်​ဖြေသဖြင့်ညီပရိသတ်တို့ကရယ်ကြ၏။တချို့Fan​တွေရဲ့ရုိက်ကူး​သောပုံ​တွေအရ ကျွန်​တော်လက်ချက်​ကြောင့်​ပေါက်သွား​သောညီ​အောက်နှုတ်ခမ်းမှာနုတ်ခမ်းနီဆိုးထား​သော်လည်း​ပေါ်သွား​သေးသည်။

ညီကဟန်​ဆောင်​ကောင်းလှသည်။SDCရုိက်ကွင်း​တွေမှာလည်း ဟန်တစ်ချက်မပြတ် ကျွန်​တော်အား​ဖော်​ဖော်​ရွေ​ရွေပင်ဆက်ဆံလိုက်​သေးသည်။ကျား​အော်တို့ကပါအံသြကုန်ကြ၏။

PDအသင်းရဲ့ဂျင်းထည့်မှုကိုလည်းfinal partyမှသိလိုက်ကြရ၏။17ရက်​နေ့ကကျွန်​တော်တို့အားသီးသန့်ဂုဏ်ပြုပဲွ လုပ်​ပေးခဲ့ခြင်းသာဖြစ်၏။Final တွင်ပရိသတ်အချို့ကအငြင်းပွားမှုရှိခဲ့​သော်လည်း ညီနဲ့ကျွန်​တော်ရဲ့ဆက်ဆံ​ရေးဟာ​အေးစက်မသွားခဲ့​ပေ။

ညီကကျွန်​တော်ရဲ့​တောင်းဆိုမှုကိုလက်ခံခဲ့သည်။
1နှစ်တိတိကျွန်​တော်တို့လက်တဲွသွားရန်ဆုံးဖြတ်ခဲ့ကြပြီး ညီမှာချစ်သူရှိခဲ့ပါက ကျွန်​တော်က​နောက်ဆုတ်​ပေးပြီး ဖြစ်ခဲ့သမျှကိစ္စတို့အားမသိ​ကျေးကျွန်ပြု​ပေးရမည်ဖြစ်သည်။Wallace geရဲ့အကြံ​ပေးမှုအတိုင်းကျွန်​တော်တို့တစ်​ယောက်​အ​ကြောင်းတစ်​ယောက်ပိုသိ​စေရန်ရည်ရွယ်၍အတူ​နေရန်အိမ်ပင်ရှာ​ဖွေခဲ့သည်။

အခန်း7နှင့်အခန်း8သည်အပြင်က​နေကြည့်လျှင်​​ဘေးချင်းကပ်အခန်းသာဖြစ်သည်။သို့​သော် ကျွမ်းကျင်သူတို့ရဲ့ပြင်ဆင်မှု​ကြောင့်အခန်း7နှင့်အခန်း8အားတံခါးတစ်ချပ်နှင့်ဆက်သွယ်ထားသည်။တံခါးဖွင့်လိုက်ရင်အခန်း7သို့​ရောက်သွားမည်ဖြစ်သည်။အပြင်လူ​တွေအ​နေဖြင့်ကြည့်လျှင်သူတို့သည်​ဘေးချင်းကပ်အိမ်နီးချင်းသာဖြစ်၏။

Yixingသည် 7ရက်​နေ့အိမ်​ပြောင်းရန်ပြင်ဆင်ခဲ့​သော်လည်း ညီသည်ကိုယ်​ရေးကိုယ်တာဝါသနာပြိုင်ပဲွရှိ​နေ​သော​ကြောင့်8ရက်​​နေ့မှသာ​ပြောင်းလာမည်ဖြစ်သည်။

💙 I think I Love You💙Where stories live. Discover now