Part -1

30.9K 1.3K 56
                                    

မနေ့ညက Dad ရဲ့ကျောင်းတက် ရမယ်ဆိုတဲ့ စကားကြား
ကတည်းက လူကစိတ်သိပ်မမှန်ချင်တော့ဘူး
ဘယ်လို လုပ် Demon က ကျောင်းတက်ရမှာလဲ

ခဏအတွင်း လေ့လာရင် အကုန်ရနေပြီ ဟာကို
အတင်းကျောင်းတက်ခိုင်းနေတယ်
တစ်ယောက်တည်းတော့ ကျောင်းမတက်နိုင်ဘူး
ဟိုတစ်ယောက်ကို ပါခေါ်ရမယ်

သူ့ဆေးရုံကို Dad သိမှာပဲ

”Dad ရေ ”

တံခါးကိုသုံးချက်လောက်ခေါက်တယ်
ပြန်ထူးသံမကြားဘူး
တံခါးဖွင့်ဝင်သွားတော့ တွေ့ပါပြီ
ပါးပါးကို ရင်ခွင်ထဲထည့်ပြီး အိပ်နေတာများ
ကမ္ဘာ ပျက်ရင်တောင် သိမဲ့ပုံမပေါ်ဘူး

ပါးပါး ကို ကြည့်ရတာ လည်ပင်းမှာ အမှတ်တွေနဲ့
အဲ့တာဆို ငါ့မိဘတွေ ပင်ပန်းထားတာပဲ

မနှောင့်ယှက်တာပဲကောင်းပါတယ်
ဖုန်းဆက်လို့ရနေတာပဲ David ဖုန်းနံပါတ်ရှိတာ
မေ့နေတယ်
အေ့လေ Demon တွေက ဘယ်နှခေါက် ဖုန်း
သုံးလို့လဲ

”Hello David ခင်ဗျား အခုဘယ်မှာလဲ ”

”ငါကဘယ်ရောက်ရမှာလဲ ဆေးရုံမှာပေါ့ ဟ ”

အော် တုံးချက်က အရင်အတိုင်းပဲ

”ခင်ဗျား ဆေးရုံဘယ်မှာလဲမေးတာ ”

” ****ဆေးရုံ ”

”အိုကေ လာခဲ့မယ် ခဏ​စောင့်နေ ”

နေအုန်း သူ့ကို ဟိုရောက်ရင် ဆေးရုံမှာ စကား
ပြောလို့မကောင်းဘူး ကော်ဖီဆိုင်
ခေါ်သွားရမယ် အဲ့တော့ ကားတွေရှိပင်မဲ့လည်း
မယူသွားချင်ဘူး

အာ....မေ့နေတာ Dad ရဲ့ဆိုင်ကယ် ရှိတာပဲ
Dad ပါးပါး နဲ့မရခင် လူငယ်လို ယွတုန်းက
စီးတဲ့ ဆိုင်ကယ် သူယူသုံးလို့ရတာပဲ

အိမ်တော် ရဲ့ ကားတွေ ထားတဲ့ နေရာက
ဂိုထောင်ကို သွားပြီး ဖွင့်လိုက်တော့
ဆိုင်ကယ်က လေးစီးတောင်ရှိတယ် ဟ

Dad မှာ ကားက ရှစ်စီး ဆိုင်ကယ်က လေးစီး
အဲ့တာတွေ အကုန် ကိုလည်း ပိုင်မှာပဲ
ကျောင်းတက်ပြီးရင် Dad လို company တွေ
မှာ ရှယ်ယာ ဝင်ပြီး တခြား လူကို ဟန်ပြ
Boss အဖြစ်ထားပြီး သူလည်း စီးပွားရေး
လုပ်ရမယ်လေ

Demon's Family S-2 (U & Z)  Where stories live. Discover now