Part -17

9K 974 102
                                    

မနက်မိုးလင်း ကျွန်တော် မျက်လုံးမပွင့်သေးဘူး
ဒါပေမဲ့ နားထဲ မှာ သီချင်းသံကြားနေရတယ်

ကျွန်တော့်ရင်ခွင်ထဲက Angel ကတော့
အိပ်နေတုန်း ဒီကောင်လေးက အိပ်ပျော်ရင်ဘာမှ
သိတာမဟုတ်ဘူး

နေပါအုန်းဒါဆိုသီချင်းသံကဘယ်က လာတာလဲ
ကျွန်တော် မျက်လုံးအတင်းဖွင့်ကြည့်တော့
ဟိုကလေးတွေ တစ်ကောင်မှ မရှိတော့ဘူး

ကျွန်တော် အိပ်နေတဲ့ Angel ကို ကောက်ချီ ပြီး
ဆိုဖာပေါ်တင်ပေးခဲ့ စောင်သေချာခြုံပေးခဲ့ပြီး
အပေါ်ကို တက်မလိုလုပ်လိုက်တယ်

"အပေါ်ထပ်မှာ ဘာလို့အဲ့လောက်ဆူနေတာလဲ "

ကျွန်တော် အလုပ်သမားကို မေးတော့

"သခင်လေးတို့ သီချင်းနားထောင်နေတာပါ "

ဆိုပြီး ပြန်ဖြေလာရှာတယ်
သီချင်းနားထောင်တာ အဲ့လောက်တောင်ကျယ်
ရလား သားတော်မောင်တွေကလုပ်ပြီ

ကျွန်တော် အပေါ်ထပ်ကို တက်သွားတော့
တွေ့ပါပြီ ညီအကိုသုံးယောက်နဲ့ Haly ကနေတာ
များတွန့်လိန်နေတာပဲ

Lucy ရယ် David ရယ်ကတော့ အရက်သမား
ဆိုတော့ ဘယ်တုန်းကတည်းကဖွက်ထားမှန်း
မသိတဲ့ အရက်တွေ ကြိတ်သောက်နေတယ်
မနက်ပိုင်းသီချင်းဖွင့် ကတဲ့ သူနဲ့ အရက်သောက်တဲ့
သူနဲ့ ကျွန်တော် အဲ့နားမှာတင် ပစ်လဲ သွားချင်တယ်

ကျွန်တော့် Angel လောက် ဘယ်သူမှ မလိမ်မာဘူး

"အခုသီချင်းကို ပိတ် ဟ "

ကျွန်တော် အော်တာ မကြားဘူး ညီအကိုသုံးယောက်
ခေါင်းချင်းဆိုင်ကာ

"Dad အသံကြားလိုက်သလားလို့ "

"ဟုတ်တယ် ကိုကြီး ကျွန်တော်လည်းကြားတယ် "

Lewis စကားကို Liam ကထောက်ခံနေလေရဲ့
ဒါပေမဲ့ ကျွန်တော့်ကို တွေ့သွားတဲ့ Luke
ကတော့ သူ့ညီအကိုတွေကို လက်တို့နေလေရဲ့

"Brother တို့မှားမယ်နော် "

"မမှားပါဘူး ကွာမင်းကလည်း ဘာကြောက်နေတာလဲ"

Liam အငယ်ဆုံးအယွဆုံး....

"မင်းအဖေ ကို ​ကြောက်ရမှာဟေ့ "

Demon's Family S-2 (U & Z)  Dove le storie prendono vita. Scoprilo ora