Part -10

10.7K 1.1K 102
                                    

ကျွန်တော် တို့ အကုန်လုံးချက် ပြုတ်ပြီးတော့
သားသားနဲ့ ကျွန်တော်လက်ဝါးချင်းရိုက်လိုက်တယ်

”Teamwork ငါတို့ လုပ်နိုင်ပြီ ”

ပြောရင်းပေါ့

မိဘနဲ့သားသမီးလည်း အတူတကွ Teamwork
လုပ်သင့်တယ်လေ

”Lewis Dad အပေါ်မှာ သွားခေါ်လိုက်မယ်
ဟင်းရည်ကို ပန်းကန်ထဲ ပြောင်းထည့်ထားလိုက်နော်”

”Yes,sir ”

ရွဲ့ ပြီးဖြေတဲ့ သားသားရဲ့ အသံမှာ ကျွန်တော်
ရီတောင် ရီမိသွားတယ်

အပေါ်ထပ်ကို တက်လာလိုက်တယ် သူတို့ကို အောက်မှာ ချက်ထားတာတွေ
ကျွေးရမယ်လေ

Angel အကြိုက် တွေပါ တော့ ဒီကောင်လေး
စားမှာ.....

အပေါ်တက်သွားတော့ David က နိုးနေပြီ
Angel က မနိုးသေးဘူး

”David အောက်ဆင်းသွားလိုက်တော့
ငါတို့ခဏနေ ညစာ စားကြတော့မှာ ”

David က ခေါင်းငြိမ့်ပြပြီးအောက်ဆင်းသွားတယ်
Angel တစ်ယောက်အိပ်နေတာ ကွေးကွေးလေး
အရုပ်တွေကြားထဲ မှာ သူ့ကို မနည်းရှာနေရတယ်

တွေ့ပါပြီ ခေါင်းစွပ်လေးစွပ်ပြီးအိပ်နေတာ
အိပ်နေတဲ့ သူလေးရဲ့ ပါးကို နမ်းတော့

”Daddy လုပ်နဲ့ ”

ဆိုပြီး တဖက်လှည့်သွားတယ်
နားလေးကို ကပ်ပြီး

”အောက်မှာ အမဲ သားကင်ရယ် ပင်လယ်စာရယ်
ချက်ထားတယ် ဘယ်သူစားမလဲမသိဘူး ”

အဲ့ကျတော့ မှာ မျက်လုံးလေးဖွင့်တယ်
ပြီးတော့ထချင်တာ ဗိုက်က ခံနေတော့
ခြေတွေလက်တွေကလေပေါ်မှာ

”Daddy ရေ Angel လေးကို ထူပါအုန်း”

လက်ကလေးတွေ ဆွဲ ထူလိုက်တော့ မှထိုင်လို့
ရသွားတယ် ထလို့ရတော့ သူ့ခေါင်းစွပ်ကို
ချွတ်လိုက်တော့ ဆံပင်လေးတွေကထိုးထိုးထောင်ထောင်.....

အိပ်ရာနိုးနိုးချင်းရေတိုက်ရမယ်လေ
ရေခွက်ထဲ ရေထည့်ပြီး သူ့ကိုပေးတော့
လက်နှစ်ဖက်နဲ့ ကိုင်ပြီးသေချာသောက်နေတာ
ဘာလေးမှန်းကိုမသိဘူး......

Demon's Family S-2 (U & Z)  Onde histórias criam vida. Descubra agora