Part -18

8.5K 935 67
                                    

ကျောင်းစတက်ရမဲ့နေ့.......

မနက်မိုးလင်း ကျွန်တော် နိုးတော့ ၇ နာရီတောင်
ရှိနေပြီ သားတို့ကျောင်းက ၁၀ နာရီ တက်ရမှာ....

အခုထိနိုးလောက်ကြအုန်းမှာမဟုတ်ဘူး
ကျွန်တော့်လက်မောင်းပေါ် ခေါင်းအုံးအိပ်အိပ်နေတဲ့
Angel လေးကို နေရာတကျ ခေါင်းအုံပေါ် ပြန်တင်
ပေးလိုက်တယ်

ပြီးတော့ မျက်နှာသစ်ပြီး ကျန်တဲ့ကလေးတွေကို နိုး
ရမယ်လေ

အရင်ဆုံး Liam နဲ့ Luke တို့ရဲ့ အခန်း..

အထဲ ကို ဝင်ကြည့်တော့ အိပ်နေတဲ့ ကလေး
နှစ်ယောက်က မထသေးဘူး

”Luke Liam ထတော့ ဒီနေ့
ကျောင်းတက်ရမယ်လေ ”

ကျွန်တော်နိုးတော့ ထထိုင်ပြီး အိပ်ချင်မူးတူးနဲ့
ရေချိုးခန်းထဲ ဝင်သွားကြလေရဲ့

လိုက်ကာတွေ ​ဖွင့်ပေးအဲ့အခန်းထဲက ပြန်ထွက်လာ
လိုက်တယ် David နဲ့ Lewis ရဲ့အခန်းကို
သွားနိုးရမယ်

David နဲ့ Lewis ကတခန်းထဲ အတူသုံးကြပင်မဲ့
ကုတင်က နှစ်လုံးထားပေးရတယ်

အခန်းထဲ ဝင်သွားတော့ David ကနိုးနေပြီ Lewis
ကအိပ်နေတုန်း

”အော် Lucas ”

ကျွန်တော်ဝင်သွားတော့ လှမ်းနှုတ်ဆက်လေရဲ့

”Lewis မနိုးသေးဘူးလား ”

”အေ ငါအခုနိုးလိုက်မယ်”

David က Lewis ကိုနိုးမယ်ဆိုလို့
ပြန်ထွက်လာတော့ Lucy နဲ့ Haly က အခန်းပြင်ကို
တောင်ထွက်လာပြီ

အဲ့တာဆို Angel လေးကို သွား ပြန်ခေါ်ရမယ်

အခန်းထဲ ရောက်တော့ Angel က
ငုတ်တုပ်ထ ထိုင်နေပြီး မျက်လုံးကမဖွင့်သေးဘူး

”Daddy Angel လေးက နိုးနေပြီလား
ထပါအုန်းမျက်နှာသစ်ရအောင် ”

အသေးလေး က အရမ်းချစ်ဖို့ကောင်းတခါတခါ
ပြူးကြောင်ကြောင်လေးလုပ်တာကလည်း
အသည်းယားဖို့ကောင်းတယ်

ဧည့်ခန်းမှာ လွယ်အိတ် ၇ လုံး ဆိုဖာပေါ်တင်ထား
ပေးရတယ် ဟိုကလေးတွေ ကျောင်းစတက်မဲ့
နေ့ဆိုတော့ အိမ်မှာ မနက်စာမကျွေးပဲ အပြင်မှာပဲ
ကျွေးလိုက်တော့မယ်

Demon's Family S-2 (U & Z)  Where stories live. Discover now