Part -2

12.5K 1.1K 77
                                    

ကျွန်တော် နဲ့ Angel အပြင်ထွက်လာတော့
သားသားတစ်ယောက် အဝတ်အစားတွေ လဲ ပြီး
ဘယ်သွားမလို့လဲ မသိဘူး

”သားဘယ်သွားမလို့လဲ ”

ကျွန်တော်မေးလိုက်တော့

”David စီမဏသွားမလို့ Dad ”

တဲ့ ဒီကောင်လေး အရမ်း David ကို ခင်လွန်းတယ်
ဘေးမှာ ပုစိ ကွေးလေးက
အလျင်လိုနေတဲ့ သားသားကို

”အကောင်ပေါက် ဂရုစိုက်သွားနော် ”

ဆိုပြီးမှာနေလေရဲ့ လူကြီးပေါက်စလေး
သားက ဘယ်လောက်တောင် အလျင်လို
နေလဲ မသိဘူး ။

”ဟုတ်ကဲ့ ”

ပြောပြီး မြန်မြန်သွားတော့တာပဲ
သားသားလည်း ထွက်သွားကော ဘေးက
အသေးလေး ကော့တော့ကော့တော့ နဲ့
စားသောက်ဆောင်က ရေခဲ သေတ္တာ ကို သွား
ဆွဲ ဖွင့်နေတယ် ။

ရေခဲ သေတ္တာ အပေါ်မှာ စတော်ဘယ်ရီ Cake
လည်းတွေ့ကော အသည်းအသန်းတွေ လှမ်းယူနေတာ
အကောင်သေးတော့ မမှီဘူး ။

မမှီတာကို ခြေဖျားထောက်ပြီး အတင်းကို
လက်ဆန့်ထုတ်ပြီး ယူနေတာ....။

”Daddy Angel ကို ယူပေးပါအုန်း ”

တဲ့ မနိုင်တော့ ရင် လူကို ခိုင်းစားပြီး
အဲ့ Cake က ညဘက် သူဗိုက်ဆာရင်စားဖို့ ထား
ထားတဲ့ Cake မို့မကျွေးဘူး အခုကျွေးလိုက်ရင်
ထမင်းစားချိန် ကန့်လန့်တွေ ဖြစ်ပြီး
ထမင်းသိပ်စားတော့မှာ မဟုတ်ဘူး ။

အဲ့မမှီမကမ်းနဲ့ လုပ်နေတဲ့ အကောက်ပေါက်ကို
ကောက်ပွေ့လိုက်တော့
အသေးလေး ပြူးကြောင်ကြောင်နဲ့

”Daddy Cake!  "

”မစားရဘူး ညမှ စားရမယ် ”

အဲ့လိုပြောတော့ မျက်နှာလေးက ငိုတော့မယ်
​မိုးပြိုတော့မလိုပဲ ။

”Daddy က မကျွေးဘူး ပြောလား
ညကျရင် စားရမယ်လို့ပြောတာ Angel
စောင့်ရမယ်လေ ”

အဲ့ကျတော့ မှ

”ဟုတ်ကဲ့ ”

ဆိုပြီး ပခုံးပေါ်မျက်နှာ အပ်ပြီး
လည်ပင်းကို လာဖက်ထားတယ်
သူ့ကို စာကြည့်ခန်းထဲ ခေါ်တော့လည်း
ငြိမ်ငြိမ်လေးလိုက်လာတယ် ။

Demon's Family S-2 (U & Z)  حيث تعيش القصص. اكتشف الآن