Part -12

10.4K 1K 56
                                    

ကိုယ်ဝန်ဆောင် ခြောက်ရက်မြောက်နေ့

မနက်ကျွန်တော် အိပ်ရာနိုးတော့ ဘေးက အသေးလေး
ကမထသေးဘူး တညလုံးအိပ်မရဘူး ဆိုပြီး ဂျီကျ
ထားတာ ဘယ်နိုးအုန်းမလဲ

"ဒေါက်ဒေါက်"

ဆိုတဲ့ အခန်းတံခါး ခေါက်သံနဲ့အတူတူ
သားကြီး ဝင်လာတယ်......

"Dad ပါးပါး မနိုးသေးဘူးလား "

"ညက ဂျီ ကျပြီးကောင်းကောင်းမအိပ်ဘူးလေ "

သားသားက သူ့ ပါးပါး ဗိုက်လေး ကို နမ်းပြီး
သူ့ပါးပါး ရင်ခွင်ထဲ ခေါင်းအတင်းတိုးနေလေရဲ့...

Angel ကလည်း သားသား ဆိုတာ သိတော့
ပြန်ဖက်ထားပြီးဆံပင်လေးတွေကို သပ်ပေးနေလေရဲ့

သားသားက လူကောင်သာကြီးတာ အခုထိ သူ့ပါးပါး
ရင်ခွင်သေးသေးလေးထဲ ခေါင်းတိုးပြီးချွဲ တုန်း

"David ကော "

"အိပ်နေသေးတယ် Dad "

"အဲ့တာ ဆို Dad အောက်ခဏဆင်းအုန်းမယ်
ပါးပါးအတွက် စွပ်ပြုတ်လေး ပြုတ်ပေးမလို့ "

သားသား ခေါင်းငြိမ့်ပြတာနဲ့ ကျွန်တော်လည်း
အောက်ဆင်းလာလိုက်တယ်

ဒီနေ့တော့ ကြက်စွပ်ပြုတ် လုပ်ပေးရမယ်
ပြီးရင် အားရှိအောင် ကြိုထားတဲ့ဆေးတိုက်ရမယ်
အဲ့ဆေးခွက်ကို ကြည့်ပြီး တော်တော်စိတ်ညစ်တယ်
မတိုက်လို့ကလည်း မရဆိုတော့ ဘယ်လိုတွေ
တိုက်ရမလဲ မသိဘူး......

ကြက်သားကို ဆေးကြောပြီး ပေါင်းတဲ့ အိုးထဲထည့်
ပေါင်း ထားလိုက်တယ် နူးညံနေမှ အဲ့အကောင်လေးက
စားတာ

"ကြက်သားကိုပေါင်းထားတယ် ခဏ ကြည့်ထား
လိုက် Angel နဲ့ခဏနေဆင်းခဲ့မယ် "

အလုပ်သမားတွေကို မှာပြီးတော့ အပေါ်ပြန်တက်လာလိုက်တော့ နိုးနေပြီ အသေးလေး
ကျွန်တော့် ကိုလည်း တွေ့ကော
ကုတင်ပေါ်ကနေ လက်နှစ်ဖက် ဆန့်ထုတ်ပြီး သူ့ကို
ချီခိုင်းနေတာ အိပ်ရာနိုးခါစ ဆံပင်တွေက လည်း
ထိုးထိုးထောင်ထောင် နဲ့ သားကြီးကတော့
ကျွန်တော် တို့ကုတင်ပေါ်ကနေ ဆင်းသွားပြီး

"သား David ကို သွားနိုးလိုက်အုန်းမယ် "

ကျွန်တော်ခေါင်းငြိမ့်ပြလိုက်တော့ သားသားထွက်
သွားလေရဲ့
အခုထိ မျက်လုံးကြီး ဖွင့်ပြီး အိပ်နေတဲ့ အသည်းလေး
ကို ပဲ ရေချိုးခန်းထဲခေါ်မျက်နှာသစ်ပေးရမယ်

Demon's Family S-2 (U & Z)  Hikayelerin yaşadığı yer. Şimdi keşfedin