Part -8

10.2K 1.1K 82
                                    

ကျွန်တော် ည ၂ နာရီကျော်လောက် တရေးနိုးလာ
တော့ ဘေးက Angel ကို ကြည့်လိုက်တာ
Angel က မရှိတော့ဘူး

ဒီကောင်လေး ဘယ်ရောက်သွားတာလဲ
စိုးရိမ်မှုတွေ စိတ်ပူမှုတွေ တခါတည်း ပြုံတက်
လာပြီး ကုတင်ပေါ်က ဆင်း
အခန်းပြင်ပြေးထွက်လိုက်ရတယ်

နောက်တော့ အောက်ထက် က စားသောက်ဆောင် မှာ
အသံကြားတာကြောင့်
မြန်မြန်ပြေးဆင်းပြီးကြည့်တော့
တွေ့ပါပြီ Angel မနေ့က သူမစားရတဲ့
စတော်ဘယ်ရီကိတ်ကို ခုံခုပြီး ယူနေတာ
မတော်တဆ ပြုတ်ကျရင် ကျွန်တော် ရင်ကျိုး
ရမှာ

”Angel ”

ကျွန်တော် ခေါ်လိုက်တော့ ပြူးကြောင်ကြောင်လေး
လှည့်ကြည့်တယ်
ကျွန်တော် မျက်မှောင်ကုတ်ကြည့်လိုက်တော့
အသေးလေး ချက်ချင်း မျက်နှာက ​မိုးပြိုတော့မယ်
အဆူခံရတော့မှာသိတယ်လေ

”Daddy Angel က ဗိုက်ဆာလို့ ”

မျက်နှာလေးမဲ့ ပြီး ပြောနေတဲ့ ကလေးငယ်ကိုလည်း
မဆူ ရက်.....

”လာလာ ခုံပေါ်က ဆင်း Daddy ချီမယ်”

ကျွန်တော် ချီလိုက်တော့ စတော်ဘယ်ရီ ကိတ်ကို
အခုထိ မျက်လုံးအကြည့်ကမလွှဲသေးဘူး

”ဗိုက်တော်တော် ဆာနေတာလား ”

မျက်ရည်လေးတွေ ဝဲ ပြီးခေါင်းငြိမ့်ပြတယ် မသိရင်
သူ့ကို အငတ်ထားတာ ကြနေတာပဲ

”အဟင့် Daddy အီးးးးးး ”

အယ်....ထငိုတဲ့ကလေးကြောင့် ဘာလုပ်လို့ဘာကိုင်
ရမှန်းမသိ ဘာလို့ငိုမှန်းလဲ မသိ

”ဘာလို့ ငိုတာတုန်း ပြောဘာလုပ်ချင် Daddy
လုပ်ပေးမယ် ”

ခေါင်းလေးခါ တယ်

”ဘာမှမလုပ်ချင်ဘူး ငိုချင်လို့ ”

အကြောင်းအရင်းမရှိငိုနေတဲ့ပေါက်စကို ခုံမှာထိုင်
ခိုင်းပြီးတော့ သူစားဖို့လုပ်ရမယ်

နွားနို့ ထည့်ပေးပြီး ကိတ်မုန့်လေးချပေးတော့
စားလိုက်တာ များ ....

”အားးးးးး ”

ကျွန်တော် ကော Angel ကော အသံကြောင့်
လန့်ပြီး ကြည့်လိုက်တော့ David
ကျွန်တော်တို့ကို တွေ့ပြီးအော်တာ

Demon's Family S-2 (U & Z)  Donde viven las historias. Descúbrelo ahora